အမေရိကားမှာ
Redbox လို့ ခေါ်တဲ့ DVD ခွေ အငှားဆိုင်လေးကို သိကြလိမ့်မယ်။
အငှားဆိုင်ဆိုပေမယ့် ပုံမှာ ပြထားသလိုပဲ အနီရောင် Box ကြီးတခုထဲကနေ
ကိုယ်လိုချင်တဲ့ DVD ခွေကို အော်တိုမစ်တစ်ထွက်လာစေတဲ့နေ ရာလေး။
နေရာယူထားတဲ့နေရာက သေးသေးလေးပေမယ့် လျော့မတွက် နဲ့။
အမေရိကားမှာ အဲ့သလို စက်ပေါင်း ၄ သောင်း ၃ ထောင်ကျော်ရှိတယ်။
သူ့ရဲ့ဝင်ငွေဟာ အမေရိကားမှာ တခါတုံးက နာမည်ကြီးခဲ့တဲ့ Blockbuster DVD အငှားဆိုင်ထက် မြင့်တက်လာသလို၊ ခွေ ငှားရမှုကလည်း ဘီလျှံ နဲ့ ချီပြီး များပြားလာခဲ့တယ်။
Redbox ဟာ Netflix အွန်လိုင်း DVD အငှားဆိုင်တွေ နဲ့ အပြိုင်ဖြစ်လာတယ်။
ဈေးကလည်း ပေါတာကိုး။ တစ်ခွေမှ တစ်ဒေါ်လာရယ် ( ခုတော့ $ 1.30 ဖြစ်သွားပြီ)
တခါတုံးက နာမည်ကြီးခဲ့တဲ့ Blockbuster ခွေငှားဆိုင်တွေကတော့ ၂၀၀၇ လောက်ကတည်းက စပြီး မျက်စိရှေ့မှာတင် တဆိုင်ပြီးတဆိုင် ဒေဝါလီခံသွားရပြီ။
ခေတ်က ပြောင်းသွားပြီ။ လူတွေက အရင်းအနှီးနည်း၊ အချိန်ကုန်နည်း၊ အလုပ်သမားနည်း ပြီး အမြတ်ပိုမိုရမယ့် စီးပွားရေးလုပ်ငန်းတွေကို စဉ်းစားလာကြတယ်။
တကယ်တော့ Redbox ဆိုတာ DVD instant ပဲ။ ဒီလိုအတွေးအခေါ်ကို စတင်လုပ်ကိုင်သူက McDonald ကော်ပိုရေးရှင်းပဲဖြစ်တယ်။
ဒီ -- မက်ဒေါ်နယ် ဆိုတဲ့ ငနဲတွေကလည်း အစားအသောက်တွေကိုတောင်၊ အမြန်ဆုံးထုတ်လုပ်နိုင်တဲ့ စံနစ်ကို တီထွင်နိုင်ခဲ့ယုံတင်မကဘူး၊
DVD အငှားဆိုင်တွေကိုလည်း စက်တလုံးတည်း နေရာယူပြီး အမြန်ဆုံး
ငှားယူသုံးစွဲနိုင်တဲ့ နည်း ကို လုပ်ခဲ့ကြတယ်။ ဘာပဲ ဖြစ်ဖြစ်
အကျိုးအမြတ်ကတော့ ကြောက်စရာကောင်းလောက်အောင် သန်းချီရနေတာ အမှန်ပဲ။
အင်း--- နောင်ဆို --- Women Instant စက်တွေ၊ Men Instant စက်တွေ ပေါ်လာချင်ပေါ်လာမှာ။ ပြောလို့မရဘူး။
နေရာယူထားတဲ့နေရာက သေးသေးလေးပေမယ့် လျော့မတွက် နဲ့။
အမေရိကားမှာ အဲ့သလို စက်ပေါင်း ၄ သောင်း ၃ ထောင်ကျော်ရှိတယ်။
သူ့ရဲ့ဝင်ငွေဟာ အမေရိကားမှာ တခါတုံးက နာမည်ကြီးခဲ့တဲ့ Blockbuster DVD အငှားဆိုင်ထက် မြင့်တက်လာသလို၊ ခွေ ငှားရမှုကလည်း ဘီလျှံ နဲ့ ချီပြီး များပြားလာခဲ့တယ်။
Redbox ဟာ Netflix အွန်လိုင်း DVD အငှားဆိုင်တွေ နဲ့ အပြိုင်ဖြစ်လာတယ်။
ဈေးကလည်း ပေါတာကိုး။ တစ်ခွေမှ တစ်ဒေါ်လာရယ် ( ခုတော့ $ 1.30 ဖြစ်သွားပြီ)
တခါတုံးက နာမည်ကြီးခဲ့တဲ့ Blockbuster ခွေငှားဆိုင်တွေကတော့ ၂၀၀၇ လောက်ကတည်းက စပြီး မျက်စိရှေ့မှာတင် တဆိုင်ပြီးတဆိုင် ဒေဝါလီခံသွားရပြီ။
ခေတ်က ပြောင်းသွားပြီ။ လူတွေက အရင်းအနှီးနည်း၊ အချိန်ကုန်နည်း၊ အလုပ်သမားနည်း ပြီး အမြတ်ပိုမိုရမယ့် စီးပွားရေးလုပ်ငန်းတွေကို စဉ်းစားလာကြတယ်။
တကယ်တော့ Redbox ဆိုတာ DVD instant ပဲ။ ဒီလိုအတွေးအခေါ်ကို စတင်လုပ်ကိုင်သူက McDonald ကော်ပိုရေးရှင်းပဲဖြစ်တယ်။
ဒီ -- မက်ဒေါ်နယ် ဆိုတဲ့ ငနဲတွေကလည်း အစားအသောက်တွေကိုတောင်၊ အမြန်ဆုံးထုတ်လုပ်နိုင်တဲ့ စံနစ်ကို တီထွင်နိုင်ခဲ့ယုံတင်မကဘူး၊
အင်း--- နောင်ဆို --- Women Instant စက်တွေ၊ Men Instant စက်တွေ ပေါ်လာချင်ပေါ်လာမှာ။ ပြောလို့မရဘူး။
No comments:
Post a Comment