Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 24, 2014

သားနဲ့ဆော့ဖို့ နေ့တိုင်း စပိုက်ဒါမန်းလို့ ဝတ်ပေးရတဲ့ အဖေ



ဗြိတိန်နိုင်ငံ၊ လန်ဒန် မှာ နေထိုင်တဲ့ Christopher Lee လို့ အမည်ရတဲ့ အဖေဟာ ကမ္ဘာ အရပ်ရပ်က အခြား အဖေများနဲ့ မတူတဲ့ ထူးခြား တစ်ခု ရှိပါတယ်။ ယင်းကတော့ သားနဲ့ အတူ ဆော့ဖို့ အတွက် နေ့တိုင်း လိုလို တစ်ကြိမ်တော့ စပိုက်ဒါမန်း (ပင့်ကူ လူသား) လို ဝတ်စားပေးရခြင်း ဖြစ်ပါတယ်။

အသက် ၃ နှစ်ပဲ ရှိသေးတဲ့ သားငယ် Christopher မှာ အခြားသော ကလေးငယ် များနဲ့ မတူပါဘူး။ သူ့အနေနဲ့ အဖေ့ရဲ့ ဂရုစိုက်မှုမှ မခံရ⁠ရင် ပျော်စရာ မရှိဘူးလို့ မှတ်ယူထားရှာပါတယ်။ ဒါကြောင့် နေ့တိုင်း အဖေ့ကို အတူဆော့ဖို့ ပူဆာပြီး ယင်းပူဆာမှုကိုလည်း အဖေက လိုက်လျော ပေးပါတယ်။ ဒါကြောင့်မို့ နေ့တိုင်းလိုလို သူ့သားနဲ့ အတူ စပိုက်ဒါမန်းလို့ ဝတ်ဆင်လို့ ဆော့ပေးရ ပါတယ်။ 'ကျနော့မှာ ကမ္ဘာ အရပ်ရပ်က ချမ်းသာတဲ့ အဖေတွေလို ဘာမှ မပေးစွမ်း နိုင်ပါဘူး။ ဒါပေမယ့် ကျနော့သား ပျော်အောင်တော့ ယခုလို ဝတ်ဆင်ပြီး ဆော့ပေးတ⁠တ် ပါတယ်။' လို့ Metro ရဲ့ အင်တာဗျူးထဲမှာ ဖြေကြား ပါတယ်။

Spider-Man လို ဝတ်စားတဲ့ Christopher တို့ သားအဖရဲ့ ဓာတ်ပုံမှာ အင်တာနက်မှာ ရေပန်းစားလျက် ရှိပါတယ်။
.
Ref: metro
အောင်ခမ်း (ရိုးရာလေး)
 

No comments:

Post a Comment