CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 29, 2014
PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်
ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တဲ့ PR ခေါ် အချိုးကျ ကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ပယ်လိုက်ပြီး မြန် မာနိုင်ငံနဲ့ သင့်လျော်မယ့် ရွေးကောက်ပွဲစနစ်တစ်ခုကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကော်မတီတစ် ရပ်ဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်က ဒီနေ့ ဆုံးဖြတ်လိုက် ပါတယ်။
PR ရွေးကောက်တင်မြှောက်တဲ့ စနစ်ကျင့်သုံးရေးအဆို ကို ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ၃ ရက်မြောက် အဖြစ် ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသားပါတီတွေက လွှတ်တော်ကိုယ်စား လှယ်တွေ ကန့်ကွက်ခဲ့ကြပါတယ်။
ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ခု အကောင် အထည်ဖော်ရေးအတွက် ကော်မတီဖွဲ့စည်း ဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အတည်ပြုလိုက်တာ ဖြစ်ပါတယ်။
"ကျနော်တို့နိုင်ငံမှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး မဖြစ်မနေလိုအပ်တယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေး မဖြစ်မနေလိုအပ်တယ်၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး မဖြစ်မနေလိုအပ်တယ်၊ အဲဒီ့အတွက် အထိအခိုက်မခံနိုင်တဲ့အတွက် ကျနော်တို့အနေနဲ့ ပီအာစနစ်ကို အခြေခံပြီးတော့ ရွေးကောက်ပွဲစနစ်ကို ပြည်သူ့ လွှတ်တော်အတွက် တိုင်းဒေသကြီးပြည်နယ်မှာ ဆောင်ရွက်မယ်ဆိုတဲ့အဆိုကို ကျနော်လက်မခံဘူး၊ ဒီလိုဆောင် ရွက်တဲ့နေရာမှာ မျှမျှတတဖြစ်အောင် ကော်မတီ၊ ကော်မရှင်ဖွဲ့စည်းပြီးတဲ့အခါမှာ ကော်မတီ၊ ကော်မရှင်ရဲ့ သုံးသပ်အကြံပြုချက်ကို လွှတ်တော်က အဆုံးအဖြတ်ယူပြီးတော့ အဆုံးသတ်မှာဖြစ်တယ်"
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းတင်ပြတဲ့ မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ် အကောင် အထည်ဖော်ရေး ကော်မတီဖွဲ့စည်းဖို့ကို ထောက်ခံကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
"ဦးအောင်ဇင် ပြောသွားတဲ့အဆိုအတိုင်း မဟုတ်ဘူး၊ ဥက္ကဌကြီးပြောသွားတဲ့အဆိုကို ထောက်ခံတာပါဆိုတဲ့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေအားလုံး လက်မှတ်ထိုးပြီးတော့တင်မယ်"
တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ PR ခေါ် အချိုးကျကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့ အဆိုကို အမျိုးသားဒီမိုကရေစီအင်အားစုပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဇင်က တင်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒီအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၃၉ ဦးက ၃ ရက်ကြာ ဆွေးနွေးခဲ့ကြ တာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော်က ဆုံးဖြတ်ခဲ့တဲ့ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် ရွေးကောက်ပွဲစနစ် အကောင်အထည်ဖော်ရေးကော် မတီကို ကျွမ်းကျင်ပညာရှင်တွေနဲ့ ဖွဲ့စည်းသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေယံမိုးမြင့် တင်ပြထားတာ နားဆင်နိုင်ပါတယ်။
မြန်မာနိုင်ငံနဲ့ သင့်တော်မယ့် ရွေးကောက်ပွဲစနစ်တစ်ရပ်ရရှိအောင် ၀ိုင်းဝန်းအဖြေရှာဖို့ ပြည်သူ့လွှတ်တော် ကနေပြီး ကော်မတီ ဒါမှမဟုတ် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားဖို့ သဘောတူလိုက်တာနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ မသင်းသီရိရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။
PR စနစ် မကျင့်သုံးဖို့ ပြည်သူ့လွှတ်တော် ဆုံးဖြတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 29, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 29, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment