Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, July 19, 2014

gOssip cOlumn,

ကျွန်မကို သူငယ်ချင်းတချို့ကမေးကြတယ် ဒီပို့စ်ကို ဘာရည်ရွယ်ချက်နဲ့တင်တာလဲတဲ့ သူ့သိက္ခာကိုချတော့ ကိုယ့်သိက္ခာရော မကျဘူးလားတဲ့ မိန်းမဆန်ဆန် ပညာရှိနည်းနဲ့ခွင့်လွှတ်ပါတယ်လို့ ပြောပြီး ကိုယ့်ဖက်ပါအောင်ရော လုပ်လို့မရဘူးလားတဲ့။ ဟုတ်ကဲ့လူတစ်ယောက်ကို လိမ်လည်လှည့်ဖျားချင်ရင် အလွယ်လေးလိမ်လို့ရပါတယ်။ ဟန်ဆောင်ခြင်း အတတ်ပညာကလည်း ထင်သလောက် မခက်ခဲပါဘူး။ ခက်တာက ကျွန်မရဲ့စိတ် ခံယူချက်၊သဘောထား၊ ယုံကြည်မူ့ ကလက်မခံဘူးရှင့်။ ကျွန်မယောက်ကျားကို ကျွန်မယူခဲ့တုန်းကလည်း သူ့မိဘမှာရော သူ့မှာပါပိုင်ဆိုင်မူ့ခြူးတပြားတောင် ရှိခဲ့တာမဟုတ်ပါဘူး။ ဒါဆိုဘာလို့ယူခဲ့သလဲ သူ့ရင်ဘတ်ထဲက စိတ်ဓါတ်နဲ့ကိုယ့်အပေါ်ထားတဲ့မေတ္တာ စစ်မှန်တယ်ထင်လို့ ပညာတတ် လူလွတ်တစ်ယောက်မို့ယူခဲ့တာ။ ပညာတတ် Tour Guide အလုပ်လုပ်နေတဲ့ ကျွန်မအတွက် ယောက်ကျားမရှားခဲ့ပါဘူး။ ချမ်းသာတဲ့ယောက်ကျားကိုယူပြီး စည်းစိမ်ပုံပေါ်တက်ထိုင်ရမဲ့ဘ၀ထက် ကိုယ်နဲ့အတူတူတွဲတက်နိုင်မဲ့ တဦးကိုတဦး အပြန်အလှန်လေးစားမူ့ရှိမဲ့ စိတ်ကြိုက်အိမ်ထောင်ရေးကို ရွေးချယ်ခဲ့တာ။ အိမ်ထောင်သက်(၁၈) နှစ်အတွင်းလဲ ကျွန်မဟာ ကျွန်မပေးခဲ့တဲ့ကတိအတိုင်း သူ့လက်ကိုဆုပ်ပြီးဘ၀ဆိုတဲ့ လှေကားထစ်ကို တထစ်ခြင်းတက်ခဲ့တယ်။ သူကငွေရှာပေးတယ် ကျွန်မကစိတ်ဓါတ်ခွန်အားတွေနဲ့ပံ့ပိုးခဲ့တယ် သူ့မှာလိုအပ်တဲ့ အားနည်းချက်တွေကို ကျွန်မမှာရှိတဲ့ အားသာချက်တွေနဲ့ ဖြည့်ဆည်းခဲ့တယ်။ နောက်ဆုံး အမြင့်ကိုရောက်လာလေလေ စိတ်ဓါတ်တွေ ဖေါက်ပြန်လာလေလေ ဖြစ်လာတဲ့သူကို ကျွန်မထိန်းဖို့ ကြိုးစားခဲ့တယ်။ အဲ့ဒီအချိန်မှာ သူ့ကိုထိန်းဖို့ကြိုးစားတဲ့ ကျွန်မကို မကောင်းစမြင်တော့တာပါဘဲ။ ပတ်ဝန်းကျင်မှာလဲ မိန်းမမကောင်းဘူး နားပူတယ်ပေါ့။ လောင်းကစားလုပ်လာတယ်။ စင်္ကာပူက ကာစီနိုတွေက စာတွေရောက်မှ ကျွန်မသိရတယ်။ စင်္ကာပူထီထိုးတာ တစ်လတစ်လကို ဒေါ်လာ ၅၀၀ ဖိုး ၆၀၀ မကပါဘူး။ နောက်တော့ မိန်းမပါဖက်လာတော့တာပါဘဲ။ ကျွန်မမှာ သူတို့ ၂ ယောက် အပြန်အလှန်ရေးထားတဲ့စာတွေတွေ့မှ ဘယ်အချိန်ကတည်းက စဖြစ်နေကြတယ်ဆိုတာ သိခဲ့ရတယ်။ အိမ်ပေါ်ကဆင်းတဲ့နေ့ကစပြီး ပိုက်ဆံတပြားမှမပေးတော့တဲ့အတွက် ၃ လအကြာမှာ စင်္ကာပူက မိသားစု တရားရုံးကိုတိုင်ကြားခဲ့တော့ တစ်လတစ်လ ဒေါ်လာ ၁၂၀၀ မိန်းမနဲ့ကလေးကို ပြန်အပ်ရမယ်လို့ တရားသူကြီးက အမိန့်ချတယ်။ သူလဲလန့်သွားပြီး ကြိုးစားတော့ပေးခဲ့တယ် ဒါပေမဲ့တခါမှ ရက်အတိအကျမပေး နိုင်လို့ အဖေကို သားက အာပေါက်မတတ်တောင်းခဲ့ရတယ်။ နောက်ဆုံးတော့ စင်္ကာပူကထွက်ပြေးတာပါဘဲ။ မြန်မာပြည်ကိုရောက်ပြီး ၄ လအထိ တပြားမှမပေးလို့ ကျွန်မ တရားရုံးထပ်တက်ခဲ့ရတယ်။ အခုတော့ စင်္ကာပူက တရားသူကြီးကစိတ်ဆိုးပြီး ၀ရမ်းထုတ်ထားတယ်ရှင့်။ ၀ရမ်းထုတ်တဲ့စာကို သူ့အီးမေးလ်ထဲပို့ထားတော့ သိရှိသွားပြီး သားကို ၂ လခြားတခါလောက် ဒေါ်လာ ၂၀၀/၃၀၀ လှမ်းပို့တယ်။ သားကဖေဖေ မြန်မာပြည်မှာမရှာနိုင်ရင် စင်္ကာပူပြန်လာခဲ့ တရားရုံးကကိစ္စ္စကလဲ ဖေဖေနဲ့မေမေ ညှိုနှိုင်းရင် ဖြစ်ပါတယ် စိတ်မပူပါနဲ့လို့ပြောနေတာကို လုံးဝဂရုမစိုက်ဘဲ။ ငါပေးနိုင်သလောက်ဘဲ ငါပေးမယ် ငါနေချင်ရာမှာနေမယ် ငါ့ဘာမှလာမပြောနဲ့လို့ ပြောခဲ့တယ်တဲ့။ နိုင်ငံခြားမှာ ကျောင်းတက်နေတဲ့ကလေး တစ်ယောက်ကို အဖေကပေးတဲ့ငွေ ဒေါ်လာ ၃၀၀ ဒီမှာဆိုရင် ကလေးကျောင်းစာရိတ်မပြောနဲ့ မုန့်ဖိုးဘဲရှိပါတယ်။ ကျွန်မ ကိုယ့်ဖာသာရှာစားနိုင်တယ် တပြားမှကျွန်မအတွက်မလိုအပ်တော့ဘူး။ သားအတွက်သာ ဖခင်တာဝန်အတိုင်း ပေးပေးစေချင်ပါတယ်။ သူနဲ့မွေးထားတာ တာဝန်သိစိတ်ကလေးဘဲရှိပေးစေချင်ပါတယ်။ ဒါ့ကြောင့်ဒီပို့စ်ကိုတင်တယ် ကျွန်မသိက္ခာလား ကျစရာမလိုပါဘူး။ သစ္စ္စာမဲ့သူနဲ့ သစ္စ္စာရှိသူ၊ တာဝန်သိသူနဲ့ တာဝန်မဲ့သူ၊ အဖြူနဲ့အမဲ တခြားစီပါဘဲနော်။
By ခင်လင်းလင်းဖြူ

No comments:

Post a Comment