Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 2, 2014

အက်စပရင်နှင့် ဆီးကျိတ် ကင်ဆာ



အက်စပရင်ကို တစ်နေ့တစ်လုံး နေ့စဉ် မှီဝဲတာကြောင့် ဆီးကျိတ် ကင်ဆာ ရှိသူတွေ မှာ သေဆုံးနိုင်ခြေ နည်းပါးသွားနိုင်ကြောင်း လေ့လာမှုအရ အကြံပေးထားပါတယ်။ အက်စပရင်နဲ့ တခြား သွေးကျဲဆေးတွေဟာ ကင်ဆာဆဲလ်ကြီးထွားမှုနဲ့ ပျံ့နှံ့မှုကို တားမြစ်နိုင်တယ်လို့ ယခင်က လေ့လာမှုတွေအရ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။
ယခုလေ့လာမှုမှာ ခွဲစိတ်ကုသမှု ခံယူထားတဲ့ ဒါမှမဟုတ် ဓာတ်ရောင်ခြည်နဲ့ ကုသမှုခံယူထားတဲ့ ဆီးကျိတ်ကင်ဆာရှိသူ အယောက် ၆၀၀၀ ကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ လေ့လာမှုအရ ဆီးကျိတ်ကင်ဆာကြောင့် ၁၀ နှစ်ကြာ အသက်ရှင်နှုန်းဟာ သွေးကျဲဆေး သောက်သုံးသူတွေမှာ သိသိသာသာ လျော့ကျကြောင်း တွေ့ရှိခဲ့ပါတယ်။
ကင်ဆာထပ်မံ ဖြစ်ပွားနှုန်းနဲ့ အရိုးကို ပြန့်နှံ့နှုန်းဟာလည်း သိသိသာသာ လျော့ကျသွားတာမို့ အက်စပရင် ဆေးဝါးဟာ ဆီးကျိတ်ကင်ဆာ ရှိသူတွေမှာ ကင်ဆာဆဲလ်ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း ကင်ဆာဆိုင်ရာ ဆေးပညာဂျာနယ်မှာ ဖော်ထုတ် ထားပါတယ်။

Good Health

No comments:

Post a Comment