ဥရုဂွေးနိုင်ငံမှ သမ္မတဟာ သူပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများထဲမှ ၉၀ ရာခိုင်နှုန်းကို လှူဒါန်းလိုက်ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး သမ္မတဖြစ်လာ ခဲ့ပါတယ်။ သူ၏ အမည်ကတော့ Jose Mujica ဖြစ်ပါတယ်။
တစ်ချို့ကတော့ သူ့ကို ကမ္ဘာ့အဆင်းရဲဆုံး သမ္မတလို့ မခေါ်ပါဘူးတဲ့။ သူ့ကို ကမ္ဘာ့ပေါ်မှ စိတ်နှလုံးသား အဖြူစင်ဆုံး သမ္မတလို့ သတ်မှတ်ခေါ်ဆိုကြကြောင်း သိရပါတယ်။ သူဟာ သမ္မတ ဆိုပေမယ့်လည်း သာမန် လူပုဂ္ဂိုလ်များလိုပဲ လှုပ်ရှားသွားကြောင်း သိရပါတယ်။
ယခုပုံကတော့ သူ၏ ကျန်းမာရေးအတွက် အများပြည်သူများ တက်ရောက်တဲ့ ဆေးရုံမှာ လာရောက်ပြသခြင်းပင် ဖြစ်ပါတယ်။ သူ့အလှည့်သို့ မရောက် သေးသည့် အတွက် ထိုင်ခုံမှာ ထိုင်ပြီး စောင့်နေခြင်း ဖြစ်ပါတယ်။
Ref - General knowledge
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)

No comments:
Post a Comment