Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 2, 2014

ဘရာဇီးက ကမ္ဘာ့ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း




Ilha da Queimada Grande လို့ အမည်ရတဲ့ ကျွန်း ဖြစ်ပြီး ဘရာဇီးရဲ့ မြို့တော် Sao Paolo နဲ့ မိုင် ၂၀ အဝေး ပင်လယ် ထဲမှာ ရှိနေတဲ့ ကျွန်းငယ် ဖြစ် ပါတယ်။ သူဟာ ကမ္ဘာ ပေါ်မှာ အဆိပ်အပြင်းဆုံး မြွေများ စုဝေးရာ ကျွန်း ဖြစ်ပါတယ်။

The golden lancehead viper သို့မဟုတ် Bothrops insularis လို့ ခေါ်တဲ့ ရွှေမြွေဟောက် များ စုဝေးရာ ကျွန်း ဖြစ်ပါတယ်။ ၁၉၀၀ ကျော်က မီးပြတိုက် ဆောက်ဖို့ ကြိုးစားပြီး သွားခဲ့တဲ့ တစ်ဖွဲ့လုံး သေဆုံးရာက ဘယ်သူမှ အဲ့နောက်ပိုင်း မသွားတော့ ပါဘူး။ ယင်းမတိုင်ခင် ကလည်း သွားသူ မရှိ ပါဘူး။ လှေပျက်လို့ ကမ်းပေါ် ခဏ တက်တဲ့ ငါးဖမ်း သမား တစ်ဦးလည်း သေဆုံး ခဲ့ဖူး ပါတယ်။ ကျွန်းဟာ ၄၆၃၀ စတုရန်းပေ ဧရိယာ ကျယ်ဝန်းပြီး လွန်ခဲ့တဲ့ နှစ်ပေါင်း ၁ သောင်းကျော် တုန်းက ဘရာဇီး နိုင်ငံနဲ့ တစ်ဆက် တည်း ဖြစ်ကြောင်း လေ့လာသူများက ဆိုထား ပါတယ်။ မြေငလျင် နဲ့ မုန်တိုင်းကြောာင့် ကျွန်း တစ်ခု အဖြစ် ကွဲသွားပြီး ကမ္ဘာ့ အဆိပ်အပြင်း ဆုံး မြွေဟောက် ထဲမှာ ပါဝင်တဲ့ ရွှေမြွေများ သီးသန့် စုဝေးရာ ကျွန်း ငယ်လေး တစ်ခု ဖြစ်လာ ပါတယ်။ သူတို့ဟာ ကျွန်းမှာ လာရောက် နားခို တဲ့ ငှက် များကို ဖမ်းယူ စားသုံး နိုင်စွမ်း ရှိလောက်အောင် ကြောက်ဖို့ ကောင်းတဲ့ မြွေ များ ဖြစ်ပါ တယ်။

သာမန် မြွေဟောက်တဲ့ အဆိပ်က ငါးဆ ပြင်း ပါတယ်။ ရွှေရောင် မြွေဟောက် တစ်ကောင်ရဲ့ ဘရာဇီး နိုင်ငံတွင်း ပေါက်ဈေးဟာ တစ်ကောင်ကို အမေရိကန် ကန်ဒေါ်လာ ၃ သောင်း ကျော် ပါတယ်။ ကမ္ဘာ့ ရှားပါး ထဲမှာ ပါဝင် ပြီး ကျွန်းပေါ် မှာတောင် အကောင် လေးထောင် ကျော်ပဲ ရှိကြောင်း လေ့လာသူများက ဆိုထား ပါတယ်။ ယင်းကျွန်းသို့ သွားရောက် လည်ပတ်ခွင့် ကြည့်ရှုခွင့်ကို ပိတ်ပင် ထား ပါတယ်။ တစ်နှစ် တစ်ခါ မြွေလေ့လာသူများ သွားရောက် ဖို့တောင်မှ အဆင့်ဆင့် စိစစ် ပြီးမှ ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ကျွန်းအမည် Ilha da Queimada Grande ဟာလည်း အဆိပ် တက် ကျွန်းလို့ အမည် တစ်မျိုး ခေါ်ခြင်း ဖြစ်ပါတယ်။ အကြောင်း ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း များစွာက ငှက်ပျောပင်၊ သီးနှံပင်တို့ စိုက်ပျိုးဖို့ ကြိုးစားခဲ့တာ မဖြစ်မြောက် ခဲ့လို့ ဖြစ်ပါတယ်။ ရွှေရေင်မြွေများ စုဝေးနေတဲ့ ယင်း ကျွန်းကို သွားရောက် လိုသူ များလည်း ရှိနေကြောင်း သိရ ပါတယ်။
.
Ref: Daiymail
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment