Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 22, 2014

မင်းသားဝေဠုကျော်နဲ့  ဒီဗီဘီသတင်းထောက်လေးလေးမွန်

အာဇာနည်နေ့တွင် အာဇာနည်ကုန်း အလေးပြုသောနေရာ၌ ကြက်ခြေနီ
အဖြစ်တာဝန်ထမ်းဆောင်သော ဝေဠုကျော်နှင့် မီဒီယာသမားတစ်ဦးတို့ ကတောက်ကဆဖြစ်ခဲ့ပြီး ၎င်းအaနဖြင့် လာရောက်ဂါရ၀ပြုသူများ အဆင်ပြေစေရေးကိုသာ ဦးစားပေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သရုပ်ဆောင်ဝေဠုကျော်က ပြော သည်။
အာဇာနည်ကုန်းပေါ်တွင် ဒီဗီဘီသတင်းဌာနမှ သတင်း ထောက်တစ်ဦးကို အလေးပြုပြီးပြန်ဆင်းရန် ပြောရာမှ ကတောက်ကဆဖြစ်ပြီး သတင်းထောက်
ကတ်ပြခိုင်းခဲ့ရာသတင်းထောက် က မကျေနပ်သဖြင့်လူမှုကွန်ရက် 
ဖေ့စ်ဘွတ်ခ်တွင် ဖြစ်ခဲ့သည့်အကြောင်းအရာကို ရေးတင်ခဲ့ ခြင်းဖြစ်သည်။
ထိုသို့ရေးခြင်းနှင့်ပတ်သက် ၍ ဝေဠုကျော်က လာရောက်ဂါရ၀ပြုသည့် 
ပြည်သူများ အဆင်ပြေ ပြေ ဂါရ၀ပြုနိုင်ရေးအတွက်ကိုသာ ဦးစားပေး
ဆောင်ရွက်ခဲ့ပြီး အားလုံးကို တစ်ပြေးညီ ဆက်ဆံ ခဲ့ကြောင်း ပြောသည်။
‘‘ဘယ်မီဒီယာကိုမှ စော် ကားလိုစိတ်မရှိပါဘူး။ သူဘယ်သူလဲဆိုတာလည်း ကျွန်တော်မသိဘူး။ သူက ကျွန်တော့်ကိုပြော ပါတယ်။ သူက ဒီဗီဘီ
သတင်း ထောက်ပါတဲ့။ အဲဒါနဲ့ ကျွန်တော် က ကတ်ပြားလေးပြပါလို့ ပြောပါ တယ်။ သူကတ်ပြားပြလို့ သတင်းယူမယ်ဆိုရင် ယူခွင့်ပေးရမှာလေ။ 
သူက ကတ်ပြားမရှိတော့ ဘူး၊ ပျောက်သွားတယ်ဆိုတော့ သူဘယ်သူလဲ ကျွန်တော်မသိဘူးလေ။ အဲဒါကြောင့် ဟိုဘက်က သွားရိုက်ပေးလို့ 
ကျွန်တော်ပြောခဲ့ တာ။ အဲဒီအပေါ်မှာ သူ့ဘက်က အကောင်းမမြင်
တာတော့ ကျွန်တော်လည်း မတတ်နိုင်ပါဘူး’’ ဟု ၎င်းက ပြောသည်။
မီဒီယာကတ်ပြားပြနိုင်သူကို မောင်းချပါက ၎င်း၏ အမှားဖြစ် ပြီး ၎င်းဘက်မှ မီဒီယာကတ်ပြား မပြနိုင်သောကြောင့် ဂါရ၀ပြု သည့်နေရာတွင် ဓာတ်ပုံ
ရိုက်နေ သူများကဲ့သို့ ဂါရ၀ပြုသည့်နေရာ မှဆင်း၍ တစ်ဖက်တွင် သွားရောက်
ရိုက်ကူးရန် ပြောခဲ့ခြင်းဖြစ်ကြောင်း ဝေဠုကျော်ကပြောသည်။
ကြက်ခြေနီတစ်ဦးအနေ ဖြင့် နိုင်ငံတော်ပွဲတိုင်းတွင် ပါ ၀င်လေ့မရှိသော်
လည်းအာဇာနည်နေ့တွင် လာရောက်ဂါရ၀ပြု သူ အလွန်များသောကြောင့် အဆင်ပြေပြေဂါရ၀ပြုနိုင်ရန် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်း
ဖြစ်သည်ဟု ၎င်းက ပြော သည်။ဝေဠုကျော်သည် ရန်ကုန် တိုင်း ကြက်ခြေနီ
အဖွဲ့တွင် တပ် ခွဲမှူးရာထူးဖြင့် စည်းရုံးရေးမှူးတာဝန် ထမ်းဆောင်လျက်
ရှိသည်။
သတင်း- 7Day News Journal
---------------------------
ဟဲ့ ဝေဠုကျော် ငါ့နာမည် လေးလေးမွန် ပါ.
လူအလုပ်လူလုပ် ခွေးအလုပ်ခွေးလုပ်ပါ မင်းသား ဝေဠုကျော်
ဒီနေ့တော့ အာဇာနည်နေ့မှာ မင်းသားဝေဠူကျော် အကြောင်းပြောချင်ပါတယ်.
DVB သတင်းထောက်ကဒ် နင်ပြခိုင်းတဲ့အတွက် နင်လို ကြက်ခြေနီအင်္ကျီ ဝတ်ပြီး မတန်မရာ သတင်းထောက်ကဒ်ပြခိုင်းတဲ့ လုပ်ရပ်ကို ခွေးအလုပ် ခွေးလုပ်လိုက်တယ်လို့ပဲပြောချင်တယ်
လူပါးဝလို့ အာဇာနည်ကုန်းပေါ်မှာ ပြောခဲ့လိုက်ပါတယ်.
အာဇာနည်ကုန်းမှာ ကြက်ခြေနီ အင်္ကျီဝတ်ပြီး ပြည်သူတွေကို အော်နေတဲ့
အကောင်ကို ကျမကဒီနေရာကနေ အသိပေးတယ်
MPC မှာ သမ္မတနဲ့ တွေ့ပြီး လက်ဆွဲနှုတ်ဆက် ဧက ၂၀ကျော် မြေရပြီး မေမြို့မှာ အနုပညာစင်တာဆောက်ခွင့်ရတာနဲ့ ခွေးလိုလာမကိုက်နဲ့
ဒေါ်စုနဲ့တွေ့ရင် အမေဆိုပြီး ကုန်းကန့်တော့

သမ္မတနဲ့တွေ့တော့ အဘဆိုပြီး ဘောမ
မီဒီယာကိုတွေ့တော့ ခွေးလိုလာမကိုက်နဲ့ နင့်ကိုသနားတယ်
သမိုင်းရှိမှ သွေးရှိမှ လူပါးဝပါ.
နေ့လည် ၁၁နာရီလောက်မှာ မိုးသည်းလာတဲ့အတွက် ပြည်သူတွေမဝင်ရလို့ ရုန်းရင်းဆန်ခတ်ဖြစ်နေလို့ အာဇာနည်ကုန်းအတက်မယ့်လမ်းမှာ ကျမရဲ့ သတင်းထောက်ကဒ် ကြိုးပြတ်သွားပြီး ပျောက်သွားခဲ့ပါတယ်.
အဲ့ဒီအတွက် လုံခြုံရေးရဲ ဝန်ထမ်းကောင်းတဲ့ လူငယ်တစ်ချို့ က ကျမကို ပြန်တွေရင် ဖုန်းဆက်မယ်လို့ ကူညီပါတယ်.
ကျမ အာဇာနည်ကုန်းပေါ်ရောက်ချိန်မှာ ပြည်သူတွေတန်းစီ တက်နေ ပုံ ၊ အလေးပြုနေပုံတွေကို ရိုက်ကူးနေတာပါ.
မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီနဲ့ ပြည်သူတွေကို အလေးပြု ပြီး ပြန်ဆင်းဖို့ စိတ်မရှည်စွာအော်နေပါတယ်.
ကျမ သူ့ကို မင်းသားမှန်း မမှတ်မိသေးပါဘူး
ပြည်သူတွေနောက်တစ်သုတ်မတက်မှီမှာ ကျမတို့ ရုံးက DVB စတူဒီယို အခန်းမှာ လုပ်တဲ့ မောင်လေး ၂ယောက်က ဒီနေ့နားရက်ဖြစ်လို့ သက်သက်လာပြီး အလေးပြုပါတယ် ကျမကလည်း တကိုယ်လုံးမိုးရေတွေရွှဲနေလို့
နှစ်တိုင်း ရေရွှဲပြီး ပြန်ခဲ့ရတာကြောင့် အမှတ်တရ ပုံလေး ရိုက်ဖို့ ကျမ မောင်လေး ၂ယောက်ကို အကူအညီတောင်းချိန်မှာ
မင်းသားဝေဠုကျော်က ကျမကို ခင်ဗျား ဆင်းပါတဲ့
ကျမ က သတင်းရိုက်ကူးနေတဲ့ သူပါလို့ ပြောတော့
မင်းသားဝေဠုကျော်က ကြက်ခြေနီအင်္ကျီ ဝတ်ထားပြီး ကျမကို သတင်းထောက်ကဒ် ပြပါတဲ့
ကျမလည်း အဲ့အထိကောင်းကောင်းဖြေပါတယ်
ကျမ ကဒ် လူတွေနဲ့တိုးပြီး ပျောက်သွားတယ် ကိုဝေဠုရေ လို့ ပြောတော့
အဲ့ဒါတော့မတတ်နိုင်ဘူးတဲ့ ဆင်းပါတဲ့
အဲ့တော့မှ ကျမလည်း
နင်ရုပ်ကို ငါတို့အမြဲရိုက်လာတဲ့ DVB သတင်းထောက်
ဒီနေရာမှာ ငါက လာလိမ်စရာမလိုဘူး
နင်က န ဝ တ ထက်တောင်ကြောက်ဖို့ ကောင်းနေတဲ့ မင်းသားဝေဠုကျော်ပါလား
လို့ပြောပြီး ကျမအလုပ် ကျမဆက်လုပ်ခဲ့တယ်
အမှန်ကျမကို လုံခြုံရေး ရဲဝန်ထမ်းတွေကတောင် ကူညီနေတာပါ.
သူလို့ အကောင် ကြက်ခြေနီအင်္ကျီဝတ်ထားပြီး သတင်းထောက်ကဒ်ပြပါ
ဆိုလို့
လုပ်ပိုင်ခွင့်ဘာများရှိလို့ သူ့လိုအကောင်က မီဒီယာကို လာစော်ကားတာလဲ
MPC မှာ သမ္မတနဲ့ အနုပညာရှင်တွေ တွေ့ချိန် မှာ မီဒီယာတွေ ဆန္ဒပြခဲ့တာကို
ဒီအကောင်က လာညှိုးသလို လုပ်တဲ့အတွက် ကျမက လည်း အာဇာနည်ကုန်းမှာလည်း တန်အောင်ပြောခဲ့တယ်.
Facebook ကနေလည်း သိအောင်ပြောပါတယ်
https://www.facebook.com/laylay.mon.7/posts/545646295557367?fref=nf
----------------------------------------------------------------------------------------------
သရုပ်ဆောင်ဝေဠုကျော်နဲ့ ပတ်သက်ပြီး ပြည်ပ နဲ့ ပြည်တွင်း ကြက်ခြေနီ အဖွဲ့က လူကြီးလူကောင်းဆန်စွာ နဲ့ တချို့က ဝေဠုကျော်အစား တောင်းပန်ကြောင်းနဲ့ ကျမ ရေးထားတဲ့ Status ကို ကျေးဇူးပြုရဲ့ဖြုတ်ပေးဖို့ message box ကနေ စာပို့လာပါတယ်
အကိုတစ်ယောက်ကတော့ ဂျပန်မှာရှိတဲ့ ကြက်ခြေနီအရာရှိပါ သူကတော့ Status မဖြုတ်ဘဲ ကျမသဘောထားလေး ထပ်ရေးပြီး ကြက်ခြေနီ လုပ်တဲ့ ပရဟိတ သမားတွေကို ဆိုလိုတာမဟုတ်ကြောင်းထပ်ရေးပေးဖို့ ဂျပန်ကနေ တိုက်ရိုက်ဆက်သွယ်လာပါတယ်
ဦးညီညီပါ 8108046606233
ကျမကလည်း ကျေးဇူးတင်ပါတယ်
လူကြီးလူကောင်းလို ညီမတစ်ယောက်လို အကူအညီတောင်းတဲ့အတွက် ကျမက Status လည်းဖြုတ်ပေးမှာ ဖြစ်သလို ကြက်ခြေနီဝတ်ပရဟိတ စိတ်ထားမှန်ကန်သူတွေ ကိုယ်ကျိုးမဖက်ဘဲ ပြည်သူတွေကို တကယ်ကူညီနေသူတွေကို ထိခိုက်သွားရင်လည်းတောင်းပန်ပါတယ်
ကျမ အာဇာနည်ကုန်း စစ်ဆေးရေးဂိတ် အဆင့်ဆင့် ဖြတ်ချိန်မှာ ကျား သတ်သတ် မ သတ်သတ် ဝင်ရပြီး ကျမကလည်း အမျိုးသမီးဝန်ထမ်းတွေ အဆင့်ဆင့်နဲ့ ဖြတ်ခဲ့ရသူပါ
ရင်ပြင် အာဇာနည်ကုန်းပေါ်မှာ တာဝန်ကျရဲ အရာရှိ ရဲ ဝန်ထမ်းတေ အများကြီးရှိပါတယ် သူတို့လည်းအေးအေးဆေးဆေးနေတယ် တခြားကြက်ခြေနီတွေကလည်း လက်နောက်ပစ်ပြီး ခေါင်းငြိမ့်ပြုံးပြပြီး ပြည်သူတွေကို အကူအညီလိုရင် ပေးဖို့ ခပ်အေးအေနေနေကြတာပါ

မီဒီယာက သတင်းယူနေတဲ့ အမျိုးသားတွေ ကြားထဲမှာ ကျမဆီကို အမျိုးသမီး ကြက်ခြေနီဝတ်က သူတာဝန်မဟုတ်ဘဲ လာမေးမြန်းခဲ့ရင်တောင် ကြည်ကြည်ဖြူဖြူ ဖြေကြားပေးလိုက်မှာပါ
ကျမက အာဏာပြသူ ဘယ်သူ့ကိုမဆို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တုန့်ပြန်သွားမှာပါ
အထူးသဖြင့် အစိုးရ ကြီးကြပ်ထားတဲ့ ကျား သတ်သတ် မ သတ်သတ် စစ်ဆေးခံဖို့ တရားဝင် ပြုလုပ်နေချိန်မှာ ကျမဘက်က စပြီး မမှားယွင်းခဲ့ပါ
ဒါကြောင့် ကြက်ခြေနီဌာနအဆင့်ဆင့်က သူတို့ တာဝန်ပေးထားတာမဟုတ်တဲ့ သူ ဖြစ်တဲ့ အတွက် ကျမကို တစ်ခုခု ပြန်ရေးပေးဖို့ အကူအညီတောင်းလာတဲ့အတွက် ကျမတို့က အလံတော်တစ်ခုတည်းအောက်မှာ နေနေကြသူတွေပါ
ကျမဘက်ကလည်း ထပ်မံရေးသားပေးပြီး ကျမနဲ့ မပတ်သတ်ခဲ့တဲ့ မသက်ဆိုင်တဲ့ လေးစားအပ်တဲ့ ကြက်ခြေနီ လူကြီးလူငယ်တွေကို ထိခိခုက်မှုဖြစ်သွားရင်လည်း တောင်းပန်ပါကြောင်း
(လေးလေးမွန်)

No comments:

Post a Comment