Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 31, 2014

အာဏာရှင်ဟောင်းဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့ ရဲ့ တတိယမြောက်ဇနီး


အာဏာရှင်ဟောင်းဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ့ ရဲ့ တတိယမြောက်ဇနီး
ဒေါ်ခင်မေသန်းတို့ ဘုန်းမီးနေလတောက်ချိန်ကဥရောပခရီးတခုအတွင်း
တည်းခိုတဲ့ဟိုတယ်ရှေ့ မှာရိုက်ထားတဲ့ပုံကိုမျက်နှာဖုံးတင်ထားတဲ့
Real Lives Real Stories Magazine ကိုမနေ့ ဝယ်ထားတာဒီနေ့ မနက
်ဖတ်ဖြစ်တယ်
လက်ဘက်ရည်သောက်ရင်းအာဏာရှင်ကြီးရဲ့ ဘဝကိုတစေ့ တစောင်းပြန်ပြောင်း
ရေးထားတဲ့မျက်နှာဖုံးဆောင်းပါးကိုဖတ်ရတာမြန်မာလိုရိုက်ထားတဲ့
မာဖီးယားဂေါ့ ဖါးသားရုပ်ရှင်ကိုကြည့် နေရသလိုပဲ၊ကျွန်တော်ကလေးဘဝတုန်းက
အာဏာရှင်ကြီးနဲ့ ပတ်သက်ပြီးအမြဲအမှတ်ရနေတဲ့မြင်ကွင်းကတော့ 
နိုင်ငံခြားကခေါင်းဆောင်တွေလာတိုင်းအင်းလျားကန်ဘောင်ကနေအလံလေးတွေ
ဝှေ့ ယမ်းပြီးသွားကြိုခဲ့ရတဲ့မြင်ကွင်းပါပဲ
သက်တော်စောင့် စစ်သားတွေတင်ဆောင်ထားတဲ့အစိမ်းရောင်ကားငယ်တွေ
အချက်ပြမီးတွေလင်းနေတဲ့မော်တော်ဆိုင်ကယ်တွေခြံရံပြီး
တခါးခြောက်ပေါက်ပါတဲ့မာဒီဒီးကားအနက်ကြီးကျွန်တော်တို့ ရှေ့ ကဖြတ်သွားတဲ့အခါ
ဆရာမတွေသင်ပေးထားတဲ့အတိုင်းဥက္ကဌကြိးကျန်းမာပါစေ၊သက်တော်ရာကျော်ရှည်ပါစေဆိုတဲ့
ကြွေးကျော်သံတွေကိုကလေးသံစူးစူးလေးတွေနဲ့ သံပြိုင်အော်ကြရတယ်
ကားနက်ကြီးထဲမှာနိုင်ငံခြားဧည့် သည်တော်ကြီးနဲ့ ယှဉ်ထိုင်ရင်းမောင့် ကြက်သရေခေါင်းပေါင်း
ဆောင်းထားတဲ့အသားဖြူဖြူတရုတ်မျက်နှာပေါက်နဲ့ လူကြီးက ကလေးတွေကိုပြုံးပြုံးရွှင်ရွှင်
လက်ဝှေ့ ယမ်းပြတာမြင်ဖူးခဲ့တယ်၊အာဏာရှင်ကြီးဟာသဘောကောင်းပြီးကလေးတွေကို
ချစ်တတ်မဲ့ပုံပါပဲ၊ ဒါပေမဲ့ နောက် ၁၀ နှစ်လောက်ကြာတဲ့အခါသူ့ စစ်သားတွေအမိန့် ပေးပြီး
ပစ်သတ်ခိုင်းတဲ့လူငယ်တွေဟာတခါတုန်းကအင်းလျားကန်ဘောင်မှာသူ့ ကိုသံပြိုင်ကြွေးကျော်
နုတ်ဆက်ခဲ့ကြတဲ့အဖြူအစိမ်းဝတ်မူလတန်းကလေးလေးတွေဆိုတာသူမေ့ သွားပုံရတယ်

No comments:

Post a Comment