CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, July 7, 2014
ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့
ဘယ်နိုင်ငံမှာ ရှိလိမ့်မလဲ ဆိုတာကို ခန့်မှန်း သိရှိ ကြမှာပါ။ ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့ အနီးမှာ စတင် တည်ဆောက်နေပြီ ဖြစ်ပါတယ်။ ထူးခြားချက်က တစ်မြို့လုံးကို အဲယားကွန်း ဖန်လုံအိမ်ထဲ ဖုံးအုပ် ထားပြီး ကမ္ဘာ့ ပထမဆုံး အဲယားကွန်း ဖုံးပိတ် ထားတဲ့ မြို့ အဖြစ် စံချိန်တင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ အမြင့်ဆုံး မိုးမျော်တိုက်ကလည်း ယူအေအီးမှာ ရှိသလို ကမ္ဘာ့ အကြီးဆုံး ရှော့ပင်စင်တာကိုလည်း အဲယားကွန်း အလုံပိတ်တဲ့ မြို့ထဲမှာ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ စတုရန်းပေ ၄၈ သန်း ဧရိယာ ကျယ်တဲ့ ယင်းမြို့မှာ တိုက်တာ အဆောက် အအုံများ အပြင် ကားလမ်းမ ကြီးတွေကိုပါ အဲယား ကွန်း လေအေးပေး စနစ် တပ်ဆင် ဖန်လုံအိမ်ထဲမှာ ထည့်သွင်းထား မှာ ဖြစ်ပါ တယ်။ ပူပြင်းထဲ နွေရာသီ မှာ ဖုံးအုပ် ထားပေးပြီး ဆောင်းရာသီ ရောက်ရင်တော့ အပြင်လေ ရဖို့ အတွက် ဖွင့်ပေးမှာ ဖြစ်ပါတယ်။ ရှော့ပင် စင်တာ ကြီး တစ်ခုနဲ့ နေအိမ် ရုံးခမ်း တိုက်တာ အဆောက်အအုံပေါင်း ၁၀၀ ကျော် ပါဝင်ပြီး ပန်းခြံ နဲ့ အပန်းဖြေ စရာ နေရာ မျိုးစုံလည်း ပါဝင်မှာ ဖြစ်ပါတယ်။
ရည်ရွယ်ချက် ကတော့ ကမ္ဘာလှည့်ခရီးသည် များကို စွဲဆောင် နိုင်တဲ့ နေရာ တစ်ခု ဖြစ်ရန် ရည်ရွယ်ခြင်း ဖြစ်ပါတယ်။ တစ်နှစ်ကို လည်ပတ်သူ ၁ သန်း ကျော် လာရောက် စေဖို့ အတွက် ခန့်မှန်းထား ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း (ရိုးရာလေး)
ကမ္ဘာ့ပထမဆုံး အဲယားကွန်းနဲ့ ဖုံးပိတ်ပေးတဲ့ မြို့
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 07, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 07, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment