Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

"မြန်မာပြည်"

"မြန်မာပြည်"
=========
ဆင်းရဲခြင်းက တောင်ထိပ်ပေါ်မှာလည်းပေါက်သလို
မြောင်းကြို မြောင်းကြားထဲထိ သစ်ရွက်တွေလို ကြွေဆင်းတယ်။
ရွှေထွက်ပေမဲ့ ရွှေမရှိ
ရေထွက်ပေမဲ့ ရေမရှိ
သဘာဝဓာတ်ငွေ့ထွက်ပေမဲ့ မီးမရှိ
ခန္ဓာတစ်ခုလုံး တစ်စစီ လှီးထုတ်ဖြတ်ရောင်းချတယ်။
တော်လှန်ရေးသမားဆိုတာလည်း ရောင်းကုန်
Ph.D ဆိုတာ ဒေါ်လာဖြစ်သလို
ထောင်ကျတဲ့နှစ်ဆိုတာ ဒေါ်လာနဲ့လဲလို့ရတယ်။
ကျိုးပဲ့နေတဲ့ လူတွေပေါ်မှာ
ဆွေးမြေ့နေတဲ့ ပလက်ဖောင်းတွေ
သွားနေတဲ့ လူတွေက
မသွားတဲ့ လမ်းတွေပေါ်မှာ။ ။
ဟိန်းထိုက်ဈာန်
၃၀၀၇၂၀၁၄

No comments:

Post a Comment