Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 22, 2014

ဖိအားနည်း လေထုထဲကို အလည်သွားခဲ့ကြတဲ့ ထင်းရူးပင်အိုနဲ့ ပန်းစည်း


ပြီးခဲ့တဲ့ ဇူလိုင် ၂၀ရက်နေ့ဟာ လကမ္ဘာပေါ်ကို အပိုလို ၁၁ သက်ဆင်းနိုင်ခဲ့တဲ့ (၄၅)နှစ်မြောက် အထိမ်းအမှတ်ဖြစ်ပါတယ်။ နာဆာက (၄၅)နှစ်မြောက် အခမ်းအနား မပြုလုပ်မီ (၅)ရက် အလိုမှာ ဂျပန်နိုင်ငံသား အနုပညာရှင် တစ်ယောက်က လေထုဖိအားနည်းတဲ့ ကမ္ဘာ့လေထုထဲကို သက်တမ်း နှစ်(၅၀) ရှိတဲ့ bonzai(သက်ကြီးပုပင်) တစ်ပင်နဲ့ ပန်းစည်းတစ်စည်း လွှတ်တင်ခဲ့ပါတယ်။ အဲဒီလို လွှတ်တင်တာကို Exobiotanica လို့ ခေါ်ဝေါ်ပါတယ်။
''ပန်းတွေဆိုတာ စားပွဲပေါ်မှာ အလှကြည့်ရုံသက်သက် မဟုတ်ပါဘူး။ ကျွန်တော်ကတော့ အာကာသထဲမှာ ပန်းပွင့်တွေ၊ သစ်ပင်တွေ ရွှေ့လျားနေတာနဲ့ သူတို့ အလှတရားကို ခံစားချင်တယ်ဗျာ ''လို့ Exobiotanica လှုပ်ရှားမှု ပြုလုပ်တဲ့ ဂျပန်နိုင်ငံသား အဇူမာ မာကိုတိုက ပြောပါတယ်။ လေထုဖိအားနည်းလာတဲ့အခါ ပန်းပွင့်တွေနဲ့ သစ်ပင်တွေ ဘယ်လို ဖြစ်ပျက်သွားမလဲ ဆိုတာကို စောင့်ကြည့်ဖို့ မာကိုတိုက ဟီလီယံဘောလုံးတွေထဲမှာ Go Pro ဗီဒီယိုကင်မရာ (၆)လုံး ထည့်သွင်းခဲ့ပါတယ်။
အဲဒီကင်မရာတွေဟာ ဟီလီယံဘောလုံးပေါက်ကွဲပြီး ကမ္ဘာမြေပေါ် ပြန်ကျလာရင် တည်နေရာကို ဖော်ပြပေးနိုင်စွမ်းရှိတဲ့ GPS စနစ်ပါဝင်သလို လွတ်တင်တဲ့နေရာကနေ အမြင့်ဘယ်လောက် ရောက်ခဲ့တယ်၊ အကွာအဝေး ဘယ်လောက်ရောက်ခဲ့တယ် ဆိုတာတွေ ဖော်ပြပေးနိုင်မယ့်စနစ်လည်း ပါဝင်ပါတယ်။ မာကိုတိုတို့အဖွဲ့ ပထမဆုံး လွတ်တင်တာကတော့ သက်တမ်းနှစ်(၅၀)ရှိတဲ့ သက်ကြီးပု ထင်းရူးပင်ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ နီဗာဒါးပြည်နယ် Black Rock သဲကန္တာရကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး ထင်းရူးပင် ချိတ်ဆွဲထားတဲ့ ဟီလီယံဘောလုံးဟာ မိနစ်(၁၀၀)အကြာမှာ အမြင့်ပေ (၉၁၈၀၀)ကို ရောက်ရှိခဲ့ပြီးတဲ့နောက် ပေါက်ကွဲသွားခဲ့ပါတယ်။ ဘောလုံးပေါက်ကွဲပြီး မိနစ်(၄၀)အကြာမှာ လေထီးပွင့်လာခဲ့ပြီး ထင်ရူးပင်အိုလေး မြေပေါ်သက်ဆင်းနိုင်ခဲ့ပါတယ်။ ဒုတိယလွတ်တင်တာကတော့ ပန်းအမျိုးအစား (၃၀) ပါဝင်တဲ့ ပန်းစည်းဖြစ်ပြီး မိနစ်(၁၀၀)အတွင်း အမြင့်ပေ(၈၇၀၀၀)အထိ ရောက်ခဲ့တဲ့နောက်
ဘောလုံးပေါက်ကွဲခဲ့ပါတယ်။ လက်ရှိအချိန် အထိတော့ လေထီးနဲ့အတူ
မြေပေါ်သက်ဆင်းလာတဲ့ ထင်းရူးပင်အိုလေးနဲ့ ပန်းစည်းကို ရှာမတွေ့သေးဘူးလို့ သိရပါတယ်။
@z (ရိုးရာလေး)

No comments:

Post a Comment