Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 13, 2014

ဂဠုန်ဦးစောထံမှ သခင်နုထံသို့ ပေးစာတစ်စောင်

၁၉၄၇ ခုနှစ်ဇူလိုင်လ ၁၉ ရက် ညနေ ၃ နာရီခန့််မှစ၍ ဂဠုန်ဦးစောနှင့် အပေါင်းပါများ အားလုံးကို ဖမ်းဆီးခဲ့ပြီးနောက် နောက်တစ်နေ့ ဇူလိုင်လ ၂၀ ရက်နေ့၊ တနင်္ဂနွေနေ့ တွင် ဂဠုန်ဦးစောသည် သခင်နုထံသို့ စာတစ်စောင်ပေးပို့ခဲ့သည်။
ယင်းစာထဲတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ လုပ်ကြံသတ်ဖြတ်ခံရသောကိစ္စသည် သူနှင့်လုံးဝမပတ်သက်လေဟန်
ယူကျုံးမရ ၀မ်းနဲကြေကွဲနေဟန်၊ လုပ်ကြံဝတ်ဖြတ်မှုသည် သူနှင့်ကင်းကင်းဖြစ်လေဟန် ရေးသားထားခဲ့သည်ကို တွေ့ရသည်။
================
ချစ်ဆွေကြီး သခင်နုခင်ဗျား
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ၀န်ကြီးအချို့တို့ အနိစ္စရောက်ကြောင်း
ကြားသိရသောအခါ ယူကျုံးမရ ကျွန်တော်ဝမ်းနဲရပါသည်။
လုပ်ကြံသူများ၏ ယုတ်မာမှုကို အပြင်းအထန် ရှုံ့ချအပြစ်ဆိုပါသည်။
ကျွန်တော် သေနတ်ပြစ်ခံရတုန်းက ဗိုလ်ချုပ်နှင့် သခင်နုတို့ဆေးရုံသို့
ကြွလာကြပြီး မြန်မာနိုင်ငံရေးမှာ တနေ့တခြား ကြမ်းတမ်းလာပြီဟု ပြောဆိုသွား
ကြသောစကားများကို ယ္ခုတိုင်ကြားယောင်လျက်ရှိပါသည်။
ယခုဗိုလ်ချုပ်တို့၏ ဖြစ်ပျက်ရပုံကို တွေးကြည့်လျှင် နိုင်ငံရေးမှာ စိတ်ပျက်စရာ
အော့နှလုံးနာစရာပင် ဖြစ်လာပါတော့သည်။မြန်မာနိုင်ငံ၏အနာဂတ်ရေးမှာ မည်သို့
ဖြစ်ပျက်ဦးမည်ကို တွေး၍ပင် မရနိုင်လောက်အောင် ပိုမိုရှုပ်ထွေး စိုးရိမ်ဖွယ်ဖြစ်လာ
လေပြီ။ ကြောက်စရာ လန့်စရာ နိုင်ငံအတွက် အားငယ်စရာပင်ဖြစ်ပါတော့သည်။
သခင်နုနှင့်ကျွန်တော်မှာ တစ်ယောက်နှင့်တစ်ယောက် ရှေးမဆွကပင် ချစ်ခင်ယုံကြည်လာကြသူများဖြစ်ကြပါသည်။ ယခုဖြေရှင်းရေးနှင့်ပတ်သက်၍
ကျွန်တော်တို့နှစ်ဦး တွေ့ဆုံတိုင်ပင်ကြရလျှင် များစွာအကြိုးဖြစ်ထွန်းဖွယ်ရှိသည်ဟု
ထင်မြင်မိပါသည်။ ကိုယ်ကျိုး ပါတီကျိုးတို့ လုံးဝမပါ နိုင်ငံအကြိုးသက်သက်ဖြင့်
ဤသို့ထင်မြင်ခြင်းဖြစ်ပါသည်။
ကျွန်တော်ကဲ့သို့ သခင်နုကလည်း ထင်မြင်ယူစပါက တွေ့ဆုံရန်စီစဉ်ပါမည့်အကြောင်း
မျိုးချစ်အဖွဲ့၏ကိုယ်စား ကျွန်တော်၏ ကြေကွဲဝမ်းနဲကြောင်းကို ဗိုလ်ချုပ်ဦးအောင်ဆန်း
နှင့် အချားဝန်ကြီးများ၏ ဇနီးအိမ်သား အပေါင်းတို့ထံ အကြောင်းကြားပေးပါမည့်အကြောင်း
မောင်စော
၂၀.၀၇.၄၇

No comments:

Post a Comment