Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 8, 2014

မြန်မာ့ထူးခြားအံ့ဖွယ်ဂူ ၇ ဂူ



၁) ပင်းတယဂူ
ပင်းတယဂူ သည်ရှမ်းပြည် နယ်ပင်းတယမြို့အနီးတွင်တည်ရှိပါသည်။ပင်းတယဂူသည်ပေ၁၅၀ခန့်ရှည်လျားပြီးဂူတွင်းတွင်ဘုရားဆင်းတု
ရုပ်ပွားတော်မြောက်များစွာတွေ့ရှိနိုင်ပါသည်ရာဇဝင်အဆိုအရဘုရင်အသောက
တည်ထားခဲ့သည်ဟုအဆိုရှိပြီးဂူအဝရှိပင့်ဂူကြီး၏ပြယုပ်မှာရှေးယခင်က
အင်မတန်ကြီးမားသောပင့်ကူကြီးနေခဲ့ဖူးသည့်ဂူဟုအဆိုရှိပါသည်။

၂) ဆဒ္ဒန်ဂူ
ဆဒ္ဒန်ဂူသည်ကရင်ပြည်နယ်ဘားအံမြို့ နယ် အတွင်း တည်ရှိပြီးဂူအတွင်း တွင် ကျောက်၌ ဖြစ်သော ကျောက်သွေး များ၊ ဂူမိုးအစွယ်များ၊ဂလိုင်များ၊ဂူခွဲ များနှင့်စိတ်ဝင်စား
ဖွယ်ကောင်းပြီး ရှေဟောင်း အုတ်ခွက်ဘုရားများ ကို လဲတွေ့ရှိနိုင်ပါသည်။

၃) ကျတ်ဂူ
ကျတ်ဂူသည်ကယားပြည်နယ် လွိုင်ကော်မြို့တွင်တည်ရှိပြီးကျတ်ဂူ၏ပေသုံးဆယ်၊လေးဆယ်မြင့်သောဂူမျက်နှာကြက် လိုဏ်ခေါင်း အလွတ်များပေါ်တွင် ခုနစ်ပေ
ရှစ်ပေခန့်ရှိသည့် သစ်သား အခေါင်းများကိုတွေ့ရှိနိုင်ပါသည်။

၎)ထမ်ဆန် ဂူ
ထမ်ဆန်လိုဏ်ဂူသည် တောင်ကြီးမြို့၏အရှေ့ဘက်(၂၅)မိုင်ခန့်အကွာ တောင်ကြီး-လွယ်လွိုင်- မွိုင်ပွဉ်- ကျိုင်းတုံ- နှင့်တာချီလိတ်သို့ သွားရာ ကားလမ်းမကြီးနံဘေး တွင်တည်ရှိပြီးထမ်ဆန် လိုဏ်ဂူ၏ နံရံတွင် သဘာဝအတိုင်း ဖြစ်ပေါ်နေသော အရုပ်များ ကိုတွေ့ရှိနိုင်ပါသည်။ထမ်းဆန်သဘာဝ လိုဏ်ဂူအတွင်းတွင် ကျောက်စာဂူ၊ ဘုရားလိုဏ်ဂူ၊ ဂမ္ဘီရဂူ ဟူ၍ တြိဂံပုံစံဖြင့် လိုဏ်ဂူတော်ကြီး(၃)ခု ရှိနေပြီး သဘာဝ ကျောက်စက် ပန်းဆွဲများ၊ စမ်းချောင်းများအပြင် ဂူ(၂)ဆင့် (၃) ဆင့်ရှိပြီး သဘာဝငွေထီးတော်၊ ကျောက်ယပ်တောင်၊ သဘာဝတံခါး၊ ပြတင်းများထူးခြားစွာရှိနေပါသည်။

၅) ဖိုလ် ၀င်တောင်ဂူ
ဖိုလ်ဝင်တောင်ဂူသည်မုံရွာတစ်ဘက်ကမ်းယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။ဖိုလ်ဝင်တောင်သည်နှစ်ပေါင်း ၉၀၀ ကျော်ရှေးဟောင်းသမိုင်းဝင် တောင်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၄၁၁ တွင်တည်ခဲ့ပါသည်ဘုရားဆင်းတုရုပ်ပွားတော်ပေါင်း လေးသောင်းကျော်
ရှိပြီးရှေးလက်ရာနံရံဆေးရေးပန်းချီပန်းပု လက်ရာများကို တွေ့ရှိ နိုင်ပါသည်။

၆) ပိတ်ချင်းမြောင်
ပိတ်ချင်းမြောင် လှိုင်ဂူသည်မန္တလေးတိုင်း ဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ(၁၂)မိုင်ခန့်
အကွာတွင်တည်ရှိပါသည်။သမိုင်းကြောင်းအရလွန်ခဲ့သော၂၃၀မီလီယံလောက်
ကထဲကထုံးကျောက်များကနေတဆင့်ဖြစ်တည်လာသည်ဟုသိရှိရပါသည်။အဝင်ဝမှာပေ၂၀ခန့်ကျယ်ဝန်းပြီးပေပေါင်း၁၆၀၀ခန့်ရှည်လျားပါသည်။ဂူအတွင်းတွင်ဘုရားဆင်းတုရုပ်ပွားတော်မြောက်များစွာတွေ့ရှိနိုင်ပါသည်။

၇) ဘုရင်ညီ ဂူ
ဘုရင်ညီဂူသည်ကရင်ပြည်နယ်ဖားအံမြို့တောင်ပိုင်းမှာရှိပါသည်။သထုံမှ၁၁မိုင်ခန့်အကွာတွင်တည်ရှိပြီးမော်လမြိုင်မှ၅၁မိုင်အကွာခန့်တွင်တည်ရှိပါသည်။သမိုင်းဝင်စာရွက်စာတမ်းများအပြင်ရုပ်ထွင်းထုလုပ်ထားသောကျောက်ချပ်များကိုလဲ
ရှာဖွေတွေ့ရှိရာနေရာဖြစ်ပါသည်။ဂူမှာကျယ်ဝန်းနက်မှောင်ပြီးလင်းနို့များလဲတွေ့ရှိနိုင်ပါသည်။

OMO

Ohn Mar Oo

No comments:

Post a Comment