CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Tuesday, July 22, 2014
သြစတေးလျက ချောက်ကမ်းပါး စောင့်နတ်
သြစတေးလျ နိုင်ငံ ဆစ်ဒနီ မြို့မှာ The Gap လို့ အမည်ရတဲ့ ချော်ကမ်းပါး တစ်ခု ရှိပါတယ်။ ယင်း ချောက်ကမ်းပါးကို စောင့်တဲ့ နတ် အဖြစ် Don Ritchie ကို လူသိ များပါတယ်။ အသက် ၈၆ နှစ် အရွယ် ၂၀၁၂ ခုနှစ် မေလ ၁၃ ရက်နေ့ မှာ ကွယ်လွန်ခဲ့ပြီး ဖြစ်ပါတယ်။
The Gap အမည်ရ ချောက်ကမ်းပါးဟာ မိမိကိုယ်ကို သေကြောင်းကြံ သူများ နဲ့ အင်မတန် ရေပန်းစား ပါတယ်။ ယင်း ချောက်ကမ်းပါး အနီးနားမှာ Don Ritchie ရဲက အိမ်ကလေး ရှိပြီး ယင်းတစ်ဝိုက်မှာနေ နေထိုင်ခြင်း ဖြစ်ပါတယ်။ သူ နေထိုင် တဲ့ နေ့စဉ် ရက်တွေမှာ တစ်ခါတစ်ရံ သေကြောင်းကြံစည်ဖို့ လာရောက်သူတွေနဲ့ တွေ့တတ် ပါတယ်။ ယင်းသို့ တွေ့တဲ့ အခါ သူဟာ အိမ်ထဲကို လက်ဖက်ရည် အတူသောက်ဖို့ ခေါ်ပြီး စကားပြောပါတယ်။ သူနဲ့ စကားပြောပြီးတော့ ဘယ်သူမှ သေကြောင်းမကြံစည်တော့ ပါဘူး။ သူ ကယ်တင်ခဲ့တဲ့ သူပေါင်းဟာ နှစ် ၅၀ အတွင်းမှာ ၁၆၀ ဦးထက် မနည်း ရှိပါတယ်။ သူ့ရဲ့ မိသားစုဝင် များ ကတော့ လူဦးရေ ၄၀၀ ထက် မနည်း ကယ်တင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ သြစတေးလျ အစိုးရဟာ Medal of Honor အပြင် သူ့ကို အခြားသော ဆုတံဆိပ်များစွာ ပေးအပ်ပြီး နိုင်ငံ့ ဂုဏ်ဆောင် လူမှု ထွန်းချွန် ပုဂ္ဂိုလ် တစ်ဦး အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ ယနေ့တိုင်းလည်း သူ့ကို Angel of The Gap လို့ အမည်တွင် ခေါ်တွင်နေဆဲ ဖြစ်ပါတယ်။
Ref: wiki
အောင်ခမ်း (ရိုးရာလေး)
သြစတေးလျက ချောက်ကမ်းပါး စောင့်နတ်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
July 22, 2014
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment