Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, July 20, 2014

မြန်မာပြည်ထဲကဘ၀တွေ -၁


ကျွန်တော်တို.တိုင်းပြည်မှာ တကယ်ရှိနေတာပါ
တတ်စွမ်းသရွေ. လှူဒါန်းကြရန်နိုးဆော်ပါသည်
===============================
တကယ့်လိုအပ်ချက်ဖြည့်ဆည်းပေးကြပါ။
-----------------------------------------------------
အဲဒီကျောင်းမှာ ကျောင်းထိုင် ကျောင်းအုပ်ဆရာတော်က အသက် ၂၈ နှစ်ပဲ
ရှိသေးတယ်။ဥူးသုမနတဲ့။အသက် ၁၉နှစ်နဲ့ BA ဘွဲ့တစ်ခုကိုယူပြီးကတည်းက 
သာသနာ့ဘောင်ထဲဝင် လာတာခုဆို ဝါတော် ၁၀ နှစ်နီးပါးရှိပါပြီတဲ့။
အဲဒီကျောင်းလေးက ပဲခူးရိုးမ အနောက်ခြမ်းကြို့ပင် ကောက်မှာရှိတဲ့ သိခ်ရိုင်
မိဘမဲ့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလေး။ကြို့ပင်ကောက်မြို့ပေါ်ကနေ
အနောက်ဘက် ၁၈မိုင်လောက်တောင်တတ်လမ်းကြမ်းခရီးကို ဆက်သွား
ရသေးတယ်။အဲ့ဒီကျောင်းလေးဖွင့်ထားတာ ၂၀၀၉ ခုနှစ်ကတည်းကဖြစ်ပေမယ့် 
၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းမှ အစိုးရက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း
အဖြစ်သတ်မှတ်ပေးခဲ့တယ်။အဲ့ဒီကျောင်းလေးမှာ ကျောင်းသားဦးရေ ၂၁၆ ယောက်
ရှိတယ်။မိဘမဲ့ကလေးကအယောက် ၈၀ ကျော် ရှိပြီး လာစွန့်ပစ်သွားတဲ့
တိုင်းရင်းသားကလေးတွေလည်းရှိတယ်။
နို.့စို့အရွယ်ကလေး လေးယောက်ရှိတယ်။ဆယ့်တစ်ရက်(ကျနော်သွားတုန်းက)
သားလေးကိုတော့ လူဌားနဲ့ ထိန်းခိုင်းထားတယ်။လူဌားခတစ်လ နှစ်သောင်း
ပေးရတယ်။ကျန်တဲ့နို့စို့ကလေးတွေကိုတော့ဥူးဇင်းတွေနဲ့ ကျောင်းဆရာတွေ
ထိန်းကြတယ်။ကလေးတွေအစားအသောက်ကမနက်ပိုင်းကိုပဲပြုတ် ညပိုင်းမှာ
အသားတုနဲ့ ငါးခြောက်ကျော်တစ်မျိုးမျိုးကျွေးတာပာာ တစ်ရက်ကို ၆ သောင်း 
တစ်လကို ၁၈ သိန်း ကုန်ကြတယ်။
ပရဟိတအဖွဲ့တစ်ချို့လာရောက်လှူဒါန်းတာ ရှိပေမယ့်ကျောင်းကဝေးလို့ သိပ်ပြီးတော့အလှူရှင်တွေမရောက်ကြဘူး။မိုးတွင်းဆိုကလေးတွေရဲ့အစား
အသောက် အတွက်အခက်အခဲအများကြီးဖြစ်ရတယ်။ကျောင်းအုပ်ဆရာတော်
က တရားပွဲတွေလိုက်ပောာလို့ရလာတဲ့ ပူဇော်ကြေးနဲ့ ကလေးတွေကို ကျွေးမွေး
ရတယ်။ကျောင်းပိုင် ဆရာတော်ကလည်း ငယ်စဉ်ကတည်းက မိဘတွေ
ကကျောင်း မထားပေးနိုင် လို့သူများကျောင်းထားပေးရာကကြီး လာရတာဖြစ်တဲ့ 
အတွက်သူ့လိုပဲ ကလေးတွေ ကျောင်းစာမတတ်ရ မရှိလေအောင် ရည်ရွယ်ပြီး ဒီကျောင်းလေးကိုလုပ်နေတာပါတဲ့။
အလှူရှင်မလာရင် အကြွေးတွေတင်ပြီးအလှူရှင်လာမှပြန်ဆပ်ရတယ်တဲ့။
သွားရလာရတာလည်းခက်ခဲတော့ အလှူရှင် လည်းသိပ်မရောက်ဘူးလေ။
စာရေးကိရိယာနဲ့ ကလေးတွေရဲ့ အဝတ်အစားအတွက်လည်း အခက်
အခဲရှိပြန်ပါတယ်။ကျောင်းကမူလတန်းထိပဲတတ်လို့ရတာမို့ အလယ်တန်း
ကျောင်းသားတွေကကြို့ပင်ကောက် မြို့ပေါ်သွားတတ်ရတယ်။အလယ်တန်း
ကျောင်းသားတွေကျောင်းသွားတတ်ဖို့ ဥူးဇင်းတွေကမနက် ၂နာရီလောက်
ကတည်းက ထမင်းထချက်ရပြီး ကျောင်းသားတွေကိုထည့်ပေး လိုက်ရတယ်။
ကျောင်းသားတွေကို အဝတ်ကအစမိဘတွေလိုပဲဆရာတွေဥူးဇင်းတွေက
လျှော်ပေးရတယ်။ဆရာသုံးယောက်ကိုတော့ တစ်လ လေးသောင်းစီနဲ့
ဌားထားတယ်။စားဝတ်နေရေးပါဆရာတွေကိုဆင်ပေးရတယ်။
ကျောင်းသားတွေရဲ့ ဖျားရေးနာရေးအတွက်တော့ ဆရာတော်ကပဲ
ဆေးမြီးတိုနဲ့ကူုပေးရပါသတဲ့။အခုတောင် ကျောင်းသားက နှစ်ရာကျော်
ရှိနေပြီမို့ နောက်ထပ်ကျောင်းသားတွေ ထပ်များလာရင် ရပ်တည်နိုင်ရေး
အတွက်ကို ဆရာတော်တွေက နည်းလမ်းရှာဖွေနေကြတယ်။
ဆက်သွယ်လှူဒါန်းလိုလျှင်
ဥူးသုမနဖုန်း ၀၉ ၄၃၁ ၅၆၆၃၂
သတင်းဓါတ်ပုံ-Saw Phoe Kwar



No comments:

Post a Comment