Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 30, 2014

ကလေးမွေးသည်ကို ကြည့်ရှုခွင့် လက်မှတ်ရောင်းတဲ့ ဗြိတိန် မော်ဒယ်မလေး



ဗြိတိန် နိုင်ငံက လူသိများ မော်ဒယ် တစ်ဦး ဖြစ်တဲ့ Shameless Josie Cunningham ဟာ သူ့ရဲ့ ကလေးမွေးတဲ့ ဖြစ်စဉ် တစ်ခုလုံးကို ကြည့်ရှုခွင့် ရမယယ့် လက်မှတ် လေးစောင်ကို ရောင်းချခဲ့ ပါတယ်။ ရောင်းချတဲ့ ၁၄ မိနစ် အတွင်း လက်မှတ် လေးစောင်စလုံး ရောင်းကုန် သွားပါတယ်။

ဝယ်ယူသူ သုံးဦးဟာ ဂျာနယ်လစ် ဖြစ်ပြီး တစ်ဦး ကတာ့ သူမရဲ့ ပရိတ်သတ် တစ်ဦး ဖြစ်ပါတယ်။ လက်မှတ် ဈေးနှုန်းလည်း မနည်း ပါဘူး။ VIP လက်မှတ် နှစ်စောင်ကို ဈေးနှုန်းအားဖြင့် ဗြိတိန်ပေါင် ၁ သောင်းနဲ့ ရောင်းချ ပြီး ရိုးရိုးတန်း လက်မှတ် ကိုတော့ ဗြိတိန်ပေါင် ၅ ထောင်နဲ့ ရောင်းချခြင်း ဖြစ်ပါတယ်။ သူမ ယခုလို လုပ်တဲ့ ရည်ရွယ်ချက် ကတော့ လက်မှတ် ရောင်းရ လက်မှတ်နဲ့ ရင်သား ခွဲစိတ်ပြုပြင်ဖို့ အတွက် ဖြစ်ပါတယ်။ ဗြိတိန် အမျိုးသား ကျန်းမာ ပြုစုစောင့်ရှောင့်ရေး ဌာန (NHS) မှာ ခွဲစိတ်ရန် ဖြစ်ပြီး ဒီအတွက် ငွေကြေး လိုအပ်နေသေး တာကြောင့် ယခုလို ပြုလုပ်ခြင်း ဖြစ်ပါတယ်။

လက်မှတ် ရောင်းပါမယ်လို့ သူမရဲ့ Twitter အကောင့်ပေါ် တင်လိုက်ပြီး ၁၄ မိနစ် အတွင်းမှာပဲ လေးဆောင်စလုံး ရောင်းထွက် ခဲ့ခြင်း ဖြစ်ပါတယ်။ လက်မှတ် ရောင်းချရ ငွေကို ရင်သား ခွဲစိတ်ရန် အသုံးပြုပြီး ပိုငွေကို သူမရဲ့ ကလေး များအတွက် အသုံးချ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: Metro
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com

 

No comments:

Post a Comment