Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, July 29, 2014

ဒိုင်နိုဆောများပျောက်ကွယ်သွားရသည့်အကြောင်းရင်း




အေဒင်ဘတ်တက္ကသိုလ် မနုဿ ပပညာရှင် စတိဗ်ဘရက်ဆက်တီကဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်သို့ကျလာချိန်တွင် ဂေဟစနစ် အားနည်းနေခြင်းကြောင့်ဒိုင်နိုဆောများ မျိုးတုန်းပေါက်ကွယ်သွားခြင်းဟု ပြောခဲ့ကြောင်း Biological reviews ဂျာနယ်တွင် ဖော်ပြသည်။ လွန်ခဲ့သည့် နှစ်သန်းပေါင်း ၁၆၀ခန့်က ကမ္ဘာပေါ်တွင် ဒိုင်နိုဆောများ ရှိခဲ့သော်လည်း ဂြိုလ်သိမ်ဂြိုလ်မွှားများ ကမ္ဘာပေါ်ကို ကျရောက်ခြင်း၏ ရိုက်ခတ်မှုအဖြစ် မီးတောင်ပေါက်ကွဲခြင်း၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်ခြင်း၊ အင်အားပြင်း ငလျင်လှုပ်ခတ်ခြင်း စသည့် ဘေးအန္တရာယ်ဆိုးများ ကျရောက်ခဲ့ပြီးနောက် ကမ္ဘာပေါ်မှ ပျောက်ကွယ် သွားခဲ့ခြင်းဟု သိပ္ပံပညာရှင်များက သုံးသပ်ခဲ့ကြသည်။

စတိဗ်ဘရက်ဆက်တီက “ ကမ္ဘာပေါ်ကို ကပ်ဆိုးတွေ မကျရောက်မီ နှစ်(၅)သန်းလောက်တုန်းက ဒိုင်နိုဆောတွေရဲ့ ဇီဝစနစ် အားကောင်းခဲ့သလို အစားအသောက်အတွက် ပိုပြီးပြည့်စုံခဲ့ပါတယ်။ အဲဒီအချိန်မှာ ဘေးအန္တရာယ်ဆိုးတွေ ကျရောက်မယ်ဆိုရင်တောင် ဒိုင်နိုဆောတွေ မျိုးတုန်းပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကပ်ဆိုးကျရောက်ခဲ့တဲ့ အချိန်ထက် နှစ်အနည်းငယ် နောက်ကျပြီးမှ ကပ်ဆိုးကျရောက်ရင်လည်း ဒိုင်နိုဆောတွေ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ ကပ်ဆိုး ကျရောက်ခဲ့ချိန်က ဒိုင်နိုဆောတွေ အထိနာစေမယ့်အချိန်ဖြစ်နေလို့ သူတို့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတာပါ“ဟု ပြောသည်။

ဒိုင်နိုဆောများသည် သဘာဝကပ်ဆိုး အနည်းဆုံးနှစ်ကြိမ် ကြုံတွေ့ခဲ့ရနိုင်ကြောင်း သိပံ္ပပညာရှင်များက တွက်ချက်ခဲ့ကြပြီး ယခုလက်ရှိ မက္ကဆီကိုနိုင်ငံ အရှေ့တောင်ပိုင်း ယူကာတန်ကျွန်းဆွယ် တည်နေရာသို့ လွန်ခဲ့သည့် အနှစ် ၆၆သန်းက အမြင့် ၁၂မိုင်၊ အရှည် ၁၂၄မိုင်ရှိသည့် ဂြိုလ်သိမ်ဂြိုလ်မွှား ပြုတ်ကျလာခဲ့ခြင်းမှာ ဒိုင်နိုဆောများ မျိုးတုန်းစေမည့် ဒုတိယမြောက် ကပ်ဆိုးဖြစ်ကြောင်း သိရသည်။ သို့သော်ကမ္ဘာပေါ်မှ ဒိုင်နိုဆောများ မပျောက်ကွယ်ခဲ့ပါက ကမ္ဘာကို ၎င်းတို့ ကြီးစိုးမည်ဖြစ်ပြီး လူသားနှင့်အခြားနို့တိုက်သတ္တ၀ါများ ရှင်သန်ခွင့် ရှိမည်မဟုတ်ကြောင်း စတိဗ်ဘရက်ဆက်တီက ပြောသည်။

@z(ရိုးရာလေး)

No comments:

Post a Comment