အင်တာနက်ကို အသုံးပြုပြီး သုတေသန ပြုလုပ်ရာတွင် ကိုးကားချက်များကို ရယူလိုသည့်အခါ link အများအပြားကို ဖွင့်ပြီး ကူးယူရသည့်အတွက် အချိန်အလွန် ကြာမြင့်နိုင်သည်။
သို့ရာတွင် Firefox add-on တစ်ခုဖြစ်သည့် Easy Copy နှင့် URL များကို ကူးယူသည့်အခါ လျင်မြန်သည့် နည်းလမ်းဖြင့် ကူးယူနိုင်ပြီး ဝက်ဘ်စာမျက်နှာများကိုလည်း အသေးစိတ် ဖော်ပြပေးနိုင်သည်။
- Firefox တွင် EasyCopy ကို အသုံးပြုရန် https://addons.mozilla.org/en-US/firefox/addon/easy-copy/?src=cb-dl-hotness သို့သွားပါ။
ထို့နောက် Add to Firefox ခလုတ်ကိုနှိပ်ပါ။
- Install လုပ်ပြီးသည့်အခါတွင် mouse ၏ right-click ကိုနှိပ်ပြီး EasyCopy context menu ကို ရှာပါ။
- စာမျက်နှာတစ်ခုတည်းမှ URL ကို ကူးယူလိုပါက EasyCopy section ကိုနှိပ်ပါ။
- ဖွင့်ထားသည့် tab အားလုံးမှ URL များကို ကူးယူလိုပါက EasyCopy context menu တွင် Copy all tabs ကိုနှိပ်ပါ။
http://www.myanmarinternetjournal.com/content/13292

No comments:
Post a Comment