Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 24, 2014

ယနေ. ထောင်မှလွတ်မြောက်လာသော ကိုနေမျိုးဇင်နဲ့ ဦးဝင်းချို




ကျနော် ထောင်ကျနေစဉ် အတွင်း ထောင်မှ လွတ်မြောက်ဖို့ ဆုတောင်း၊ တောင်းဆို၊ ကီးဘုတ်လက်နက်ဖြင့် ရရာ ရောက်ရာ နိုင်ငံ ဒေသမှ တောင်းဆို တိုက်ပွဲဝင်ပေးသော ဖေ့ဘုတ်နိုင်ငံတော်မှ မြန်မာပြည် တိုးတက်ကောင်းစားရေး လိုလားသော ကျနော့် မိတ်ဆွေများ အားလုံး၊ သတင်းစာရှင်းလင်းပွဲများ ပြုလုပ်ပြီး ကျနော်နဲ့ ဦးဝင်းချိုကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပေးခဲ့ကြသော ဆရာတော် သံဃာတော်များ။ တောင်သူလယ်သမား အဖွဲ့အစည်း အားလုံး နဲ့ လူမှုနိုင်ငံရေး လှုပ်ရှားသူများ။ နိုင်ငံရေး ပါတီ ၀င်များ အားလုံးကို ရိုးဖြောင့်သော ဂုဏ်ပြုကျေးဇူးတင်မှုဖြင့် ကျေးဇူးတင်နေပါကြောင်း လေးစားစွာ ဖေါ်ပြခွင့် ပြုပါ ခင်ဗျား ပြည်သူ့ ဘက်တော်သား နေမျိုးဇင် ဆံပင် သွားမညှပ်သေးခင် ဒီနေ့လည်က အမှတိတရ၊ ခင်မင်လေးစားအပ်သော ကျနော မိတ်ဆွေ အားလုံးကို အလေးပြုနှုတိဆက်လိုက်ပါတယ်ခင်ဗျာ။ လက်ရှိဖြစ်ပေါ်နေတဲ ပြည်တွင်းနိုင်ငံရေး အကျပ်အတညိးများက လွန်မြောက်ကျော်လွှားနိုင်ဖို့ အတွက် မဖြစ်မနေ အရေးတကြီး လိုအပ်နေတာ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး သာဖြစ်တယ်လို့ အခိုင်အမာယုံကြည်စွာ သုံးသပ်မိပါတယ်။ လေးပွင့်ဆိုင်ဆွေးနွေးပွဲများ အမြန်ဆုံး ပေါ်ပေါက်လာဖို့အတွက် လူမှုအဖွဲ့အစည်းများနဲ့ ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ...................................................................................
(ယခင့်ယခင် နောင်တော် မျိုးချစ်ကြီးများ ပေးဆပ်စွန့်လွှတ်ခဲ့ ရသည့် မော်စကို အင်းစိန် သာယာဝတီ စသော ဆိုးရွားလှ သည့် နှစ်ရှည်လ များ ထောင်တွင်း အတွေ့အကြုံဆိုးများ ၏ ခြေဖျားပင် မမှီသော ကျနော့်၏ အတွေ့အကြုံ အဖြစ် သုံးလနီးပါးအကြာ ဒီမိုကရေး အစိုးရသစ် လက်ထက် အများ အကျိုးပြုမှုကြောင့် ခံယူရင်ဆိုင်ခဲ့ရသော နရသိန်မှ အပြန် ထောင်ထွက်မင်္ဂလာနှုတ်ခွန်းဆက် စကား) ပုဒ်မ(၁၈)ဖြင့် ထောင်ဒဏ်(၃)လကျခံခဲ့ရေသော ဗိုလ်ကြီးဟောင်း နေမျိုးဇင်သည် ယနေ.တွင် အကျဉ်းထောင်မှပြန်လည်လွတ်မြောက် လာခဲ့ပြီး၊မှော်ဘီက ရွှေညဝါဆရာတော်ထံ သွားရောက်ဖူးမြော် ကျနော် ဦးဝင်းချို အင်းစိန်ထောင်က ဒီနေ့ ဇွန်လ ၂၄ ရက်နေ့မနက်မှာ လွတ်လာပါပြီ။ လွတ်လာတဲ့ အမှုက လယ်သမားတွေ နဲ့အတူ မြို့တော် ခန်းမ ရှေ့မှာ ဆန္ဒ ပြတဲ့ အမှု။နောက်အမှုက ဖရောင်းတိုင်မီးထွန်းတဲ့အမှု။ နောက်မှု အတွက်အာမခံ ယူထားတယ်။ ဇူလိုင်လ ၃ ရက်နေ့ ရုံးချိန်း။ကျနော့်ကိုစစ်ရမယ်။ ကိုယ်ပိုင်စစ် ခေါ်တယ်တဲ့။အဲဒီအမှု အတွက်စီရင်ချက်ကျရင်အင်းစိန်ထောင်ကို ပြန်သွားရအုံးမှာပေါ့လေ။ဘယ်လိုဘဲဖြစ်ဖြစ် ခဏတဖြုတ်တော့ ထောင်ပြင်မှာ မိသားစု နဲ့နေခွင့်ရအုံးမှာပါ။ မိတ်ဆွေများ အားလုံးမင်္ဂလာပါ ခင်ဗျား။ ဦးဝင်းချို ၀၉ -၇၃၂၀၆၈၃၈

No comments:

Post a Comment