Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, June 23, 2014

အဖေ့ပုံ အရွယ် ကတ်ထူပြားနဲ့ ကမ္ဘာပတ်တဲ့ သမီးလေး


Jinna Yang လို့အမည်ရတဲ့ အသက် ၂၅ နှစ် အရွယ် အမေရိကန်နိုင်ငံသူ အာရှ အမျိုးသမီး တစ်ဦး ဖြစ်ပါတယ်။ အဖေဖြစ်သူရဲ့ အရွယ်မှန် ပုံတူ ကတ်ထူပြား တစ်ခုနဲ့ ကမ္ဘာပတ်လို့ လည်ပါတယ်။ အကြောင်းက ဒီလိုပါ။
အဖေ ဖြစ်သူဟာ သူ့သမီးလေးနဲ့ မိသားစု တစ်ခုလုံး မကြောင့်မကျ နေထိုင်နိုင်ဖို့ အလုပ် အင်မတန် ကြိုးစား ပါတယ်။ ဗာဂျီနီးယားပြည်နယ်၊ Norfolk မြို့က ကုမ္ပဏီ တစ်ခုမှာ သန့်ရှင်းရေး ဝန်ထမ်း အဖြစ်အလုပ်လုပ် ပါတယ်။ ဒါ့အပြင် အခြား အလုပ်တွေပါ လုပ်ပါ သေးတယ်။ တစ်ရက်ကို ၁၂ နာရီ အလုပ်လုပ်ပြီး တစ်ပတ်ကို ၆ ရက် အလုပ်လုပ် ပါတယ်။ အဖေ ဖြစ်သူ အလုပ်ကြိုးစားမှုကြောင့် သမီးလေးရဲ့ ကျောင်းစရိတ်ကိုလည် ကာမိသလို မိသားစုလည်း အေးချမ်း ပါတယ်။ သို့ပေမယ့် သူ တိတ်တဆိတ် စိတ်ကူးယဉ် အိပ်မက်တဲ့ ကမ္ဘာပတ်ပြီး ခရီးသွားဖို့နဲ့ ဂေါက်ရိုက်ဖို့ အစီအစဉ် ကိုတော့ စွန့်ပစ်ထားရ သူပါ။ ဒါကိုလည်း မိသားစုက သိပါတယ်။
အသက် ၅၁ နှစ် အရွယ်မှာ အစာအိမ် ကင်ဆာနဲ့ သေဆုံးသွား ပါတယ်။ အဖေ ဖြစ်သူရဲ့ ဆန္ဒအပြင် လုပ်ကျွေးခွင့်ကိုတောင် Jinna Yang မရခဲ့ ပါဘူး။ နောင်တ နှလုံးနဲ့ ကျန်ရှိတဲ့ Jinna ဟာ အဖေရဲ့ ဆန္ဒကို ဖြေဆည်းပေးဖို့ စိတ်ကူးက ရှိနေသေးတော့ အလုပ်ထွက်ပြီး ကမ္ဘာပတ်ပါတော့တယ်။ ငါးနှစ်ကြာ တွဲခဲ့တဲ့ ချစ်သူကိုပါ စွန့်ခွာပြီး သူ့အဖေနဲ့ ပုံစံတူတဲ့ ကတ်ထူပြား တစ်ခုကို ပိုက်လို့ ကမ္ဘာပတ် ပါတော့တယ်။ ပထမဦးဆုံး Iceland ကို ရောက်ပြီး ယခုလို ဓာတ်ပုံ ရိုပါတယ်။ ပြီးတော့ ကမ္ဘာ့ နာမည်အကြီးဆုံး၊ အလှဆုံး နေရာဒေသများ ကို သွားလို့ အဖေ့ပုံ ကတ်ထူပြား ပိုက်လို့ ဓာတ်ပုံရိုက်ပါတယ်။ သူမရဲ့ Blog ပေါ်မှာ တင်ပါတယ်။
Jinna Yang နဲ့ ကတ်ထူပြား ဓာတ်ပုံများကို အောက်ပါ Link မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)

No comments:

Post a Comment