မန္တလေးမြို့ စားသောက်ကုန် ဈေးကွက် တွင် တရားဝင် မှတ်ပုံတင် ထားခြင်း
မရှိသော summer အမည်ရှိ အချိုရည် တစ်မျိုးကို တွေ့ရှိ ရ ကြောင်း မန္တလေး
တိုင်းဒေသကြီးကူးသန်းရောင်းဝယ် ရေးနှင့် စားသုံးသူ ရေးရာဦးစီးဌာမှ သိရသည်။
အဆိုပါ အချိုရည် သည် summer ကုမ္ပဏီ လီမိတက် ကထုတ်လုပ် သည်ဟု သာပါရှိပြီ
ထုတ်သည့် ရက် စွဲ၊ ကုန်ဆုံးရက် စွဲ ထုတ်လုပ်သည့် နေ ရာ ဖုန်း နံပါတ် မပါ
ရှိ ကြောင်း ထို အချိုရည်သည် တရားဝင် မှတ်ပုံတင် ထားခြင်း လည်း မရှိ
ကြောင်း သိ ရသည်။
ကျွန်တော် တို့ က ဈေးကွက် ထဲ ကိုဆင်း တာပေါ့ နော် ဈေးကွက် ထဲကို
ဆင်းပြီးလိုက် ကြည့်တယ် လိုက် ကြည့်တဲ့ အချိန်မှာ ဒီပစ္စည်းတစ်ခုကို
သွားတွေ့ရတယ်။ အဲဒီ summerက အချိုရည် ဘူးကြီး တစ်ဘူးကို ၄၀၀ နဲ့ ရောင်းတယ်။
ဒီ လောက် အချိုရည် ဘူးကြီးကို ၄၀၀ နဲ့ ရောင်းတယ် ဆိုတာကြီး က ဒါ မဖြစ်
နိုင် တဲ့ဈေးကြီးဖြစ် နေတယ် အဲဒီမှာ မြေပြင် ဆင်းတဲ့ အဖွဲ့က ဝယ်လာတယ်။
ဝယ်လာပြီးတော့ ကြည့်လိုက် တဲ့ အချိန် ကျတော့ ထုတ်လုပ်ရက်စွဲ
တွေ၊ကုန်ဆုံးရက်စွဲ တွေ ၊ဘာတွေနဲ့ ဖျော်ထား တယ် ဆိုတာမပါဘူး ၊လိပ်စာလည်း
မပါလာဘူး အဲဒါနဲ့ ကုမ္ပဏီများ မှတ်ပုံတင် ရုံးကို ဒီsummer ကုမ္ပဏီ အ နေ နဲ့
သူတို့ ဆီမှာ တရားဝင် မှတ်ပုံတင် ထားတာ ရှိမရှိ ဆိုပြီးတော့ စုံစမ်းလိုက်
တဲ့ အချိန်ကျတော့ ဒီကုမ္ပဏီ ဟာ သူတို့ ဆီမှာ မှတ်ပုံတင် ထားတာ မရှိပါဘူး
ဆိုပြီးတော့ ပြောပါ တယ် ဟု အထက် ပါ ဌာနမှ ဒုတိယ တိုင်းဦးစီးမှုး
ဦးအေးမင်းထွန်းက ပြောသည်။
အဆိုပါ အချိုရည် ကို ဖုန်းနံပါတ် လိပ်စာ မပါရှိသည့် အတွက် ထုတ်လုပ် သူမသိ ရ
သေးဘဲ စုံစမ်း နေ ဆဲဖြစ် ကြောင်း ဓါတ်ခွဲစမ်းသပ်ရန် အတွက်လည်း ဆောင် ရွက်
နေ ကြောင်း ပြည်တွင်းက ထုတ်လုပ် တယ် ဆိုတာ လည်း သိ ရှိ ကြောင်း မန္တလေး
တိုင်းဒေသကြီး ကူးသန်းရောင်း ဝယ် ရေးနှင့် စားသုံးသူ ရေးရာဌာနမှသိ ရသည်။
ထို့အတူ မန္တလေး စားသောက် ကုန် ဈေးကွက် အတွင်း ပဲဆီ ဟုတံဆိပ် တပ်ပြီး
ပဲဆီမဟုတ်သော ဆီများလည်း ဝင် ရောက် လျက် ရှိကြောင်း လည်း ဆီစက်လုပ်
ငန်းရှင် အချို့ က ပြောကြားသည်။
ခက်ဆစ်
Popular Myanmar News Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 8, 2014
တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ
တရားဝင် မှတ်ပုံတင် ထားခြင်း မရှိသော အချိုရည် တစ်မျိုး မန္တလေးဈေးကွက် တွင် ရောင်းချမှုရှိနေ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 08, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
May 08, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment