ရာဇာမင်း ယာဉ်တိမ်းမှောက် မှုကြောင့် သေဆုံးသူ ၁၄ ဦးထဲမှာ မြန်မာနိုင်ငံက ထင်ရှားတဲ့ ကတ်သလစ် ခရစ်ယာန် ပန်းချီ၊ ပန်းပု ဆရာဦးစောလူကား တစ်ဦးပါဝင်ခဲ့ပါတယ်။
ဆရာဦးစောလူကားဟာ ရန်ကုန်မြို့မှာရှိတဲ့ ခရစ်ယာန်ဂိုဏ်းချုပ် ဆရာတော် ကျောင်းတိုက်ဖြစ်တဲ့ စိန်မေရီ ကျောင်းတော် အပါအဝင် မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က ဘုရားရှိခိုးကျောင်းတွေက ဘုရားဆင်းတုတော်တွေကို ထုဆစ်ခဲ့တာ ဖြစ်တယ်လို့ ကျောင်းထိုင် ဆရာတော်တွေက မှတ်ချတ်ပေးထားပါတယ်။
ရာဇာမင်း ယာဉ်ထဲမှာ ဆရာဦးစောလူကား အပါအဝင် သူ့ရဲ့ ယောက်ဖ တော်စပ်သူ တစ်ဦး၊ တပည့် ၂ ဦးပါ လိုက်ပါခဲ့တာ ဖြစ်ပါတယ်။ တပည့် ၂ ဦးစလုံး အခင်းဖြစ်နေရာမှာ သေဆုံးပြီး ယောက်ဖဖြစ်သူက နေပြည်တော် ဆေးရုံမှာ စိုးရိမ်ရတဲ့ လူနာအဖြစ် ကုသနေဆဲ ဖြစ်ပါတယ်။
ပန်းချီ၊ ပန်းပု ဆရာဦးစောလူကားနဲ့ သူ့တပည့် ၂ ဦးကို အင်းစိန်မြို့ရှိ စိန်ပီတယ် စိန်ပေါလ်ဘုရား ကျောင်းဆောင်မှာ ဒီမနက် မေလ ၁၆ ရက်နေမှာ ဈာပန အခမ်းအနား ပြုလုပ်ပြီး ရေဝေးရှိ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ဥယျာဉ်မှာ သဂြ င်္ိုလ်ခဲ့ပြီး ဖြစ်ပါတယ်။
Irrawaddy
Irrawaddy



No comments:
Post a Comment