Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 6, 2014

Nail extensions and Nurses သူနာပြုတွေနဲ့ လက်သည်းရှည်

• ဗြိတိန်မှာ သူနာပြုဆရာမတွေ အပိုလက်သည်းရှည် အလှအပအတွက် သတိပေးခံရပါတယ်။
• Nail extensions Guidance အပိုလက်သည်းရှည် လမ်းညွှန်ကနေ သူနာပြုဆရာမတွေ အဲလိုမလုပ်ကြဘို့ သတိပေးလိုက်တာပါ။
• ဆန္ဒကောက်ယူမှုစစ်တမ်း လုပ်တဲ့အခါ ရောဂါပိုးထိန်းချုပ်မှုမှာ အန္တရာယ်ရှိနိုင်တယ်လို့ ထွက်လာမို့ အဲလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ ဒါ့ပြင် လက်သည်းကို Free of varnish ဆေးမဆိုးဘို့လဲ ပါသေးတယ်။
• ဆန်းစစ်မှုကို Cardiff University ကားဒစ်ဖ် တက္ကသိုလ်နဲ့ London's City University လန်ဒန်မြို့တော် တက္ကသိုလ်တွေကနေ ကောက်ယူခဲ့တာဖြစ်ပါတယ်။
• ဒါပေမဲ့ အွန်လိုင်းစစ်တမ်းတခုမှာ သူနာပြုသင်တန်းသူ ၄၈၈ ယောက်တို့ကနေ အဲဒီ ဆန္ဒကောက်ယူမှုစစ်တမ်းမှာ အားနည်းချက်တွေ ရှိနေတယ်လို့ ထောက်ပြကြတယ်။
• သူတို့ပြောတာက ရောဂါပိုးဖိန်းချုပ်ရေးမှာ ချိုးဖေါက်မှုတခုဖြစ်တယ်ဆိုရင် လက်သည်းရှည် အလှပြင်ထားတာကြောင့် ဆိုတာထက် လက်ကိုဆေးကြောဘို့ ပျက်ကွက်မှုကြောင့် လက်သည်းရှည် အလှပြင်တာကိုပါ အပြစ်ဖို့တာမျိုး ပါနိုင်တယ်လို့ ပြောတာဖြစ်ပါတယ်။
• Royal College of Nursing တော်ဝင်သူနာပြုကောလိပ်ကတော့ ဒီလိုတွေ့ရှိချက်ဟာ စိုးရိမ်စရာ ကောင်းပါတယ်လို့ ဆိုလိုက်ပါတယ်။
• လက်သည်းဆိုတာ တိုတိုသာထားရမယ်၊ အရောင်လဲဆိုးမထားရလူး၊ လင်သည်းတုဆိုတာ ဝေးရောလို့ တော်ဝင် သူနာပြုကောလိပ်က Tom Sandford ကနေပြောပါတယ်။ အဲလိုလုပ်ထားတာတွေထဲမှာ ဗက်တီးရီးယားတွေ ခိုအောင်းနေနိုင်တယ်လို့ဆိုတာပါ။
• ဒီဆေးပညာစာကို American Journal of Infection Control ထဲမှာရေးထားတာဖြစ်ပြီး၊ ကူးစက်ရောဂါ ထိန်းချုပ်မှုမှာ ယိုပေါက်တွေ များတယ်လို့လဲ ပါရှိပါတယ်။

ဒေါက်တာတင့်ဆွေ
၃-၉-၂ဝ၁၃

No comments:

Post a Comment