မေသော် on 2014-04-01 16:39
အသက် ၂၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုတော် Lily Allen ကတော့ Vouge ကာဗာဟာ Kim Kardashian နဲ့ Kanye West စုံတွဲကြောင့် တစ်ခြားထွက်ရှိပြီးသမျှ ကာဗာတွေထက် ပိုမိုက်သွားတယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် သူမက ထပ်ပြီး 'သူတို့နှစ်ယောက်ရဲ့ ကာဗာကြောင့် Vogue မဂ္ဂဇင်းဟာ ဒီငါးနှစ်အတွင်း ရောင်းအကောင်းဆုံး စာအုပ်ဖြစ်မှာ သေချာတယ်'လို့တောင် ပြောသွားပါသေးတယ်။ Kanye West ရဲ့ ပရိသတ်တစ်ဦးလည်း ဖြစ်တဲ့ Lily Allen ဟာ သူမရဲ့ အယ်လ်ဘမ်ကိုတောင် Kanye ရဲ့ Yeezusနဲ့ နီးစပ်စွာ Sheezus လို့ ပေးတာပဲကြည့်ပါတော့။ အဲ့ဒါနဲ့ ပတ်သက်ပြီး သူမကတော့ "ဒီအယ်လ်ဘမ် နာမည်လေးက မိုက်တယ်၊ ရဲလည်းရဲရင့်တယ်လို့ ခံစားမိလို့ Sheezus လို့ပေးလိုက်တာပါ။ Kanye နဲ့ ပတ်သက်ပြီးတော့ တခြားဘာခံစားချက်မှ မရှိပါဘူး။ သူ့ကိုလေးစားအားကျတာလေး တစ်ခုပါပဲ။ ဒါကို Kanye က အထင်အမြင်လွဲမှာပဲ စိုးရိမ်မိပါတယ်"တဲ့။
Ref:starpulse.com
Trend Myanmar

No comments:
Post a Comment