Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 1, 2014

အများဆိုင်ကုမ္ပဏီ အစုရှယ်ယာ ငွေကျပ်သိန်း ၇,၀၀၀ ကျော် ရောင်းချခဲ့


Written by  မြင့်မြင့်စိုး
    မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်မှု အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်၏ အစုရှယ်ယာများကို မတ်လ ၂ ရက်က စတင်ရောင်းချခဲ့ရာ အစုရှယ်ယာများအတွက် ငွေကျပ်သိန်း ၇,၀၀၀ ကျော် ရောင်းချခဲ့ရသည်ဟု ဒါရိုက်တာမောင်မောင်ဦး (စနိုးဝှိုက်)က ပြောကြားသည်။
    ကုမ္ပဏီ၏ အစုရှယ်ယာများကို အစုတစ်စုလျှင် ကျပ် ၁၀,၀၀၀ နှုန်းဖြင့် ရှယ်ယာရှင်တစ်ဦးလျှင် အစုတစ်စုမှ အစု ၅၀၀ အထိ ၀ယ်ယူနိုင်ပြီး မြန်မာ့ရုပ်ရှင်လောကသားများကို မတ်လတစ်လလုံး ဦးစားပေးရောင်းချခဲ့ ခြင်းဖြစ်သည်။
    ယင်းလုပ်ငန်းသည် ကျပ်သိန်းပေါင်း ၂၀,၀၀၀ ရင်းနှီးမတည်ရန် လိုအပ်ခြင်းကြောင့် လိုအပ်သည့်ငွေကျပ် သိန်းပေါင်း ၁၅,၀၀၀ ကို မြန်မာ့ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်ရန် ရုပ်ရှင်လောကသားများကို အစုရှယ်ယာ ခေါ်ယူခြင်းဖြစ်သည်။ အဆိုပါ ကုမ္ပဏီ တည်ထောင်မှုအတွက် လိုအပ်သည့် ရင်းနှီးငွေသည် ကျပ်သိန်း ပေါင်း ၁၅,၀၀၀ တိတိဖြစ်ပြီး မတ်လအတွင်း မပြည့်ပါက ပြင်ပမှလုပ်ငန်းရှင်များကို ရှယ်ယာရှင်များ အဖြစ် ခေါ်ယူသွားမည်ဟု ကုမ္ပဏီဥက္ကဋ္ဌ ဒါရိုက်တာ ပန်းချီစိုးမိုးက အနုပညာရှင်များကို ရှယ်ယာများ စတင်ရောင်းချ ခဲ့သည့် မတ်လ ၁ ရက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
    ယင်းအပြင် အများပိုင်ကုမ္ပဏီသည်သတ်မှတ်ထားသည့် သတ်မှတ်စံနှုန်း မပြည့်မီသည့်အတွက် ဧပြီ ၁ ရက်မှ စတင်ကာ ပြင်ပရှိလုပ်ငန်းရှင်များထံ ရှယ်ယာများ စတင်ရောင်းချမည်ဟု ဒါရိုက်တာပန်းချီ စိုးမိုးက မဇ္ဈိမသို့ ထပ်မံပြောသည်။
    ယင်းလုပ်ငန်းကို ဒါရိုက်တာပန်းချီစိုးမိုး၊ ဒါရိုက်တာမောင်မောင်ဦး(စနိုးဝှိုက်)၊ သရုပ်ဆောင် အကယ်ဒမီ လွင်မိုး၊ အကယ်ဒမီ လူမင်း၊ အကယ်ဒမီထွန်းအိန္ဒြာဗို၊အကယ်ဒမီပြေတီဦး၊ အကယ်ဒမီနေတိုး၊ မေတ္တာ ရောင်ပြန်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးတင်အောင်၊ မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ် လုပ်သူ ဦးစူဝမ်း၊ စိန်ဌေးရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်သူ ဦးဝင်းကြည်နှင့် စတူဒီယို-၃၅ ရုပ်ရှင်ထုတ် လုပ်ရေးမှ ထုတ်လုပ်သူ ဦးတင်မောင်ဝင်းတို့က ကျပ်သိန်းပေါင်း ၅,၀၅၀ စိုက်ထုတ်မတည်ထားခြင်းဖြစ် သည်။
    ရှယ်ယာဝယ်ယူခြင်းသည် ရေရှည်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး အနုပညာလောကအတွက် ဖွံ့ဖြိုးတိုးတက်သည့် လုပ်ငန်းများတွင် လုပ်ကိုင်ခြင်းဖြင့် အကျိုးအမြတ်များ ရရှိအောင် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကာ ရှယ်ယာ တန်ဖိုးများတက်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံထားသည့် ရှယ်ယာများအတွက် အကျိုးအမြတ်များစွာရရှိမည်ဟု ပန်းချီ စိုးမိုးက ပြောသည်။
    Mizzima

    No comments:

    Post a Comment