Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 19, 2014

အိပ်ပျော်နေသော ဇနီးမောင်နှံ ဓားမဖြင့် အခုတ်ခံရ တစ်ဦးသေ၊ တစ်ဦး ဒဏ်ရာရ


ယင်းမာပင် ဧပြီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် မြောက်နုံးကျေးရွာတွင်ဧပြီ ၁၈ ရက် နံနက် ၄ နာရီခွဲက နေအိမ်အတွင်း၌ အိပ်ပျော်နေသည့်ဇနီးမောင်နှံအား ဓားမဖြင့် ဝင်ရောက် အခုတ်ခံရ၍ တစ်ဦးသေဆုံးပြီး ဒဏ်ရာရခဲ့ကြောင်း ယင်းမာပင်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ဖြစ်စဉ်မှာ ဦးကျော်ရွှေ အသက်(၅၃)နှစ်နှင့် ၎င်း၏ ဇနီးဒေါ်ဆယ် အသက်(၅၃)နှစ် တို့ နေအိမ်၌ အိပ်ပျော်နေစဉ် ယခင်က ၎င်းတို့နှင့် အမှုအခင်းဖြစ် ပွားခဲ့ပြီး ရန်ငြိုးရန်စရှိခဲ့သူ တစ်ရွာတည်းနေ ကိုသုမောင် ဆိုသူက ဓားမဖြင့် ဝင်ရောက်ခုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်ဆယ်၏ တိုင်တန်းချက်အား ရဲစခန်းမှ မှတ်တမ်းများရယူခဲ့ခြင်းဖြစ်သည်။
ယခင်က ရန်ငြိုးရန်စရှိခဲ့သူ၏လက်စားချေတုံ့ပြန်မှုကြောင့် ဦးကျော်ရွှေမှာ ဦးခေါင်းကြေမွဒဏ်ရာ၊လည်ကုပ်တွင် နှစ်လက်မခန့် ပြတ်ရှဒဏ်ရာများဖြင့် အိပ်ရာပေါ်တွင်သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်း၏ ဇနီး ဒေါ်ဆယ်မှာ နဖူးထိပ်ပြတ်ရှ ဒဏ်ရာ တစ်ချက်၊ ပါးပြင်ပွန်းပဲ့ဒဏ်ရာများရရှိခဲ့သဖြင့် ယင်းမာပင် ပြည်သူ့ဆေးရုံကြီး၌ အတွင်းလူနာ အဖြစ်ဆေး ကုသမှုခံယူလျက်ရှိကြောင်း သိရသည်။အဆိုပါ အမှုနှင့်ပတ်သက်၍ ယင်းမာပင် မြို့မရဲစခန်းက ပြစ်မှု ကျူးလွန်သူအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

MOI Webportal Myanmar

No comments:

Post a Comment