
(( Yan Myo Thein ))
အဘဦးဝင်းတင်အားဆရာဝန်ကြီး၏ညွှန်ကြားချက်ကြောင့်လူနာတွေဆုံရန်အချိန်ကျော်လွန်နေသောကြောင့် ဒေါ်အောင်ဆန်းစုကြည်တွေခွင့်မရသေးပါ။
လူနာကို လူချင်းမတွေ့ရသော်လည်းတယ်လီဖုန်းဖြင့်အဆက်မပြတ်မေးမြန်းနေခဲ့ကြောင်းသိရှိရပါသည်။ လတ်တလော အဘဦးဝင်းတင်အားသွေး၃ပုလင်းသွင်းထားရပါသည်။
လူနာသတိပြန်ရမယ့်အချိန်ကို တွေဆုံရန် ဆရာဝန်များ၏မေတ္တာရပ်ခံချက်ကြောင့်တွေဆုံရမည့်အချိန်ကို ဒေါ်အောင်ဆန်းစုကြည်စောင့်မျှော်နေပါသည်။
Kyaw Swar Myint
ဘဘဦးဝင်းတင်၏ ကျန်းမာရေးကို ကွပ်ကဲစောင့်ရှောက်သောကော်မတီ အစည်းအဝေး တတိယအကြိမ်တွင် ပါမောက္ခ အထူကုဆရာဝန်ကြီးများက အသက်ရှူစက် ကို မနက်ဖြန်(သို့) သဘက်ခါ အထိထားရှိရန် ဆုံးဖြတ်ကြသည်။
Zaw Myo Aung (DWave)
ဧပြီ ၁ရက် ညနေ ၄း၃၀
ဘဘ ဦးဝင်းတင် အမြန်ဆုံး ပြန်လည် ကျန်းမာလာစေရန် ဒီမိုကရက်တစ် အင် အားစုများမှ မောင် နှမ များနှင့် ဘဘအား ချစ်ခင် ကြသူပြည်သူများ ဆုတောင်းပွဲ အခမ်းအနား(ရန်ကုန် ဆေးရုံကြီးရှေ့)
Aye Kyaw



ယနေ့ 2-4-2014 ရက်နေ့ ည 7 00 နာရီခန့်တွင် ဘဘဦးဝင်းတင် အမြန်ဆုံးနေကောင်းလာစေရန် မုံရွာမြို့ ရွှေစည်ခုံဘုရားကြီးနှင့် ဆုတောင်းပြည့်ဘုရားတို့တွင် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်ကြ
Aung Nay Myo

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ,ဝါရင့်သတင်းစာပညာရှင်ကြီးဘဘ ဟံသာဝတီ ဦးဝင်းတင် အားကျန်းမာစေကြောင်း ဆုမွန်ကောင်း
ကို ယနေ့မနက် ၁၀နာရီအချိန်တွင် ရွှေတိဂုံဘုရား ၌ဤသို့တောင်းဆုပြုခဲ့ကြပါသည်၊၊
အဂ္ဂမဟာ ဒီမို ဘလက်ခ်





ဒီမို ဖက်တီး
အဘနေမကောင်းတဲ့အချိန် စကားမပြန်နိုင် စာတွေမရေးနိုင်တဲ့ အချိန်မှာ သပ်ရှိုသွေးခွဲချင်သူတွေ ရှိနေပါတယ်။ အဘ နေပြန်ကောင်းပြီး သိတဲ့ အချိန်ကျရင် အဲသည်လို လုပ်ရပ်မျိုးတွေ အပြောမျိုးတွေကို ပတ်ကြမ်းတိုက်မှာ။ဒီနေ့ဆိုရင် အဘဆီလာတဲ့ လူတွေမှ မနည်းဖူးဗျ။ အထဲတော့ မ၀င်ရပါဘူး။ လျောက်လမ်းတစ်လျောက် လူကို ပိတ်လို့။
Via YeYintNge

No comments:
Post a Comment