Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 1, 2014

တီဗီအကြည့်နည်းတဲ့ ကလေးငယ်တွေ ကျောင်းမှာ ပိုအဆင်ပြေ

မေသော် on 2014-04-01 17:15
ကွန်ပျူတာရှေ့မှာ အထိုင်နည်းတာ၊ ဒါမှမဟုတ် တီဗီအကြည့်နည်းတဲ့ ကလေးတွေဟာ ကွန်ပျူတာရှေ့မှာ အချိန်ကုန်တတ်တဲ့ကလေးငယ်တွေ၊ တီဗီကို မနားတမ်းကြည့်တတ်တဲ့ ကလေးတွေထက် ကျောင်းမှာပိုအဆင်ပြေပြေ ပြုမူနိုင်သလို ပိုပြီးတော့လည်း အအိပ်မှန်တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုလိုက်ပါတယ်။
မိဘတွေဟာ ကိုယ့်သားသမီးတွေ တီဗီရှေ့မှာ အချိန်ကုန်တာများသလား၊ ဗီဒီယိုဂိမ်းတွေ တစ်ချိန်လုံး ကစားနေလား၊ ဒါမှမဟုတ် အင်တာနက်တွေဘာတွေ သုံးနေတတ်သလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပြီး ဒီလို လုပ်နေခြင်းတွေဟာ အအိပ်ပျက်စေသလို မူမမှန်တဲ့ အပြုအမူတွေကို ဖြစ်စေတတ်ပါတယ်တဲ့။
တီဗီကြည့်ရင်းနဲ့ ကလေးတွေ အမှတ်မထင် မြင်တွေ့သွားရတတ်တဲ့ အကြမ်းဖက်မှုတွေကြောင့် ကလေးငယ်တွေဟာ ကျောင်းမှာရော၊ အပြင်လောကမှာပါ မူမမှန်တဲ့ အပြုမူတွေ ပြုမူလာတတ်ကြပါတယ်။ ဒါ့အပြင် အ၀လွန်တာမျိုးတွေ၊ အစားအသောက်မမှန်တာမျိုးတွေကလည်း အပေါ်က အချက်တွေနဲ့ ဆက်နွယ်မှုရှိနေတာကြောင့် မိဘတွေအနေနဲ့ ဂရုစိုက်သင့်တယ်လို့ ကျန်းမာရေးသုတေသီတွေက သတိပေးလိုက်ပါတယ်။

Ref:dailymail.co.uk
Trend Myanmar

No comments:

Post a Comment