Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

ရထားစီး ခရီးသည် အမျိုးသမီးကို ရထားဝန်ထမ်းမှ သားမယားအဖြစ် အဓမ်္မပြုကျင့်

24 April 2014

ဧရာဝတီတိုင်း ဒေသကြီး၊ ဟင်္သာတမြို့၌ ဧပြီလ ၁၇ ရက် နေ့ညပိုင်းက မီးရထား ၀န်ထမ်း တစ်ဦးမှ မြန်အောင်မြို့နယ်၊ ရိုးဖျား ကျေးရွာမှ ကြံခင်းမှ ဟင်္သာတသို့ ထွက်လာသော လော်ကယ်ရထား ဖြင့် စီးနင်းလိုက်ပါလာသည့် အမျိုးသမီး တစ်ဦးကို သားမယားအဖြစ် အဓမ္မပြုကျင့်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဟင်္သာတရထားရဲစခန်းသို့ လာရောက်တိုင်ကြား ထားကြောင်း အဆိုပါ စခန်းမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ တရားလိုအဖြစ်တိုင်ကြားသူ အမျိုးသမီးသည် ဟင်္သာတမြို့ မြ၀တီရပ်ကွက်အတွင်းရှိ ဆွေမျိုးများထံသို့ အလည် အပတ်သွားရောက်ရန် ကြံခင်းမှ ဟင်္သာတဘက်သို့ ထွက်လာသော လော်ကယ်ရထားဖြင့် စီးနင်းလိုက်ပါခဲ့ပြီး ရထားဆိုက်ပြီး ည ၈း၁၀ နာရီအချိန်တွင် ဘူတာသံလမ်းဘေးတွင် ဆိုက်ကားထိုင်စောင့်နေစဉ် မီးရထားဝန်ထမ်းတစ်ဦးမှဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွား၍ မိမိအား သားမယားအဖြင့် အဓမ်္မပြုကျင်ခဲ့သည်ဆို၍ ဧပြီလ ၁၈ ရက်နေ့တွင် လာရောက်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ဟင်္သာတရထားရဲစခန်းမှ သိရ သည်။

“တရားလို အမျိုးသမီးက မြ၀တီရပ်ကွက်က အမျိုးတွေ အိမ်ကိုသွားဖို့အတွက် ဆိုက်ကားစောင့်နေစဉ်မှ မီးရထားဂိတ်စောင့် ၀န်ထမ်းတစ်ဦး ကနေပြီး ဆိုင်ကယ်နဲ့ လာခေါ်တယ်။ မီးရထားလမ်းခွဲ ရုံတွင်သားမယား အဖြစ် ပြုကျင့် ခဲ့တယ်ဆိုပြီး လာရောက်တိုင်ကြားခဲ့ ပါတယ်”ဟု ရထားရဲစခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

လက်ရှိကာလတွင် အပိုင်ရဲစခန်းမှ (ပ) ၄/၂၀၁၄ ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း အမှုမှန်ပေါ်ပေါက်ရေးနှင့် အမှုခိုင်မာအောင်တည်ဆောက်ပြီး တရားစွဲတင်နိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲအရာရှိ တစ်ဦး၏ ပြောပြချက်အရသိရသည်။

24-4-2014 နေ့ထုတ် The First Weekly News Journal မှ
via Thit Htoo Lwin

No comments:

Post a Comment