Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 5, 2014

အနုပညာ အလုပ်လုပ်မှ သင်္ကြန်ခံစားမှုကို သိလာရတာလို့ ပြောတဲ့ စိုးနန္ဒာကျော်

ခင်ဆွေသက် on 2014-04-05 11:01
အနုပညာလောကထဲက အသစ်တက်လာတဲ့ လူငယ်တွေထဲမှာ ဗီဒီယိုကားတော်တော်များများမှာ ပါဝင်ရိုက်ကူးလာရပြီဖြစ်တဲ့ စိုးနန္ဒာကျော်နဲ့ ပွဲတစ်ပွဲမှာ တွေ့ဆုံခိုက် သိချင်တာလေးတွေ မေးမြန်းကြည့်လိုက်တဲ့အခါ ‘အခုက ဗီဒီယိုကားလေးတွေ ရိုက်ဖြစ်တယ်။ ရှေ့မှာက သင့်ကြောင့်ဆိုတဲ့ ကားလေး ရိုက်ထားပါတယ်။ အန်ကယ်လေးရယ်၊ မကစ်ရယ်၊ ကိုဝေလျှံရယ်ပါ။ ဒီကားလေးက အရမ်းဆင်းရဲတဲ့ ကောင်မလေးတစ်ယောက်ပေါ့။ မထင်မှတ်ပဲ အန်ကယ်လေးနဲ့တွေ့တယ်။ မိသားစုဇာတ်ဝင်ခန်းလေးပါ။   ဆိုလိုချင်တာက သင့်ကြောင့် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်စေချင်တဲ့ ပုံစံလေးပေါ့။’လို့ သူမက လက်ရှိအနုပညာ လှုပ်ရှားမှုအကြောင်း ပြောပြပါတယ်။
သင်္ကြန်နဲ့ ပတ်သက်ပြီးတော့လည်း ‘သင်္ကြန်ကတော့ရွေးနေတုန်းပဲ။ ခေါ်တာက နယ်တွေများနေတယ်။ ရန်ကုန်မှာက ကျဖူးတယ်။ နယ်မှာက တစ်ခါမှ မကျဖူးတော့ နယ်သွားရင် ကောင်းမလား စဉ်းစားနေတယ်။ သင်္ကြန်ရောက်ခါနီးပြီဆိုတော့ ပျော်ပါတယ်။ သင်္ကြန်ဆို ငယ်ငယ်ကတည်းက အိမ်မှာနေတာများတယ်။ သင်္ကြန်ကို တရားစခန်းဝင်ရတယ် ။ မလည်ဖူးဘူး။ ဒီအလုပ်လုပ်မှ သင်္ကြန်ခံစားမှုကို သိတာပါ။ ခုရက်ပိုင်းတွေက နေပူဒဏ်အရမ်းပြင်းတော့ ကိုယ့်အသားအရေလေးတွေကို ကိုယ်ဂရုစိုက်ကြပါလို့။ လိုးရှင်းတွေပုံမှန်လိမ်းပါ။ ထီး သို့မဟုတ် ဦးထုပ်လေးတွေ ဆောင်းကြပါလို့။ သင်္ကြန်အတွက်က အရမ်းဟော့ဟော့ ရမ်းရမ်းကြီးတွေ မဟုတ်ပဲ လူကြီးရော၊ လူငယ်ရော အမြင်တင့်တယ်စေမဲ့ ပုံလေးတွေပဲ ရွေးချယ်ဖြစ်မှာပါ။ သင်္ကြန်ပြီးသွားရင် ဗီဒီယိုကားတွေ ရိုက်ဖို့ရှိတယ်။ ဗီစီဒီရိုက်ဖို့ရှိတယ်။ စီးရီးလေးတွေ ရိုက်ဖို့ရှိပါတယ်။ ပရိသတ်ကြီး အားလုံးနှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုအင်ဆန္ဒ တစ်လုံးတစ်ဝ ပြည့်စုံ ကြပါစေလို့ဆုတောင်းပေးပါတယ်။ ပြီးတော့ ဒီနှစ်သင်္ကြန်က နေအရမ်းပူတဲ့တွက် အသောက်အစားလေးတွေ နည်းနည်းလျော့ပြီး ပျော်ပျော်ပါးပါး ဖြတ်သန်းကြပါ’ လို့ သူမက ပြောသွားပါတယ်။
Trend Myanmar

No comments:

Post a Comment