Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 5, 2014

ဗုဒ္ဓဘာသာအဖြစ်သို့ကူးပြောင်းဖို့ဆန္ဒရှိနေတဲ့ ဟောလိဝုဒ်မင်းသမီး Jennifer Aniston

Jack the Ripper on 2014-04-05 12:12
Jennifer Aniston တစ်ယောက်ဗုဒ္ဓဘာသာဝင်အဖြစ်ကူးပြောင်းဖို့အတွက် စိတ်ကူးနေပါတယ်။
သူမရဲ့သူငယ်ချင်းဖြစ်သူ Demi Moore ကြောင့် ဒီလိုဘာသာတရားကိုလက်ခံဖို့စိတ်ကူးရလာတာဖြစ်ပြီး ဗုဒ္ဓဘာသာအပြင် ဂျူးဘာသာရဲ့ရှေးရိုးရာ Kabbalah အကြောင်းကိုလေ့လာနေပါတယ်။
“Jen တစ်ယောက်အသက်အရွယ်ရလာတာနဲ့အမျှ လမ်းညွှန်ပြသမှုတွေကနေ အကျိုးရလဒ်တွေရနေတယ်လို့ သူမခံစားလာရပါတယ်။ သူငယ်ချင်းတွေနဲ့စကားတွေပြောဖြစ်ပြီး ဗုဒ္ဓဘာသာအပါအ၀င် ဘာသာတရားတွေအကြောင်းလေ့လာရတာကို စိတ်ဝင်စားနေပါတယ်’ လို့အတွင်းသိတစ်ယောက်က OK! မဂ္ဂဇင်းကိုပြောပါတယ်။
Justin Theroux နဲ့စေ့စပ်ထားတဲ့ Jennifer ဟာမကြာသေးမီက Demi နဲ့ညစာအတူစားခဲ့ပြီး Demi ရဲ့ Kabbalah ပေါ်ထားတဲ့ယုံကြည်ချက်အကြောင်းမေးမြန်းခွင့်ရခဲ့ပါတယ်။
အသက် ၄၅ နှစ်အရွယ် Jennifer ဟာ ယောဂကျင့်စဉ်တွေကို နှစ်ခြိုက်စွာလေ့လာလိုက်စားခဲ့သူဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဘက်ကိုရောက်လာဖို့နီးစပ်နေပါတယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment