Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, April 1, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမဏီသွားမယ်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် သတင်းပတ်မှာ နိုင်ငံတကာ Willy Brandt Prize ဆုကို လက်ခံဖို့ ဂျာမဏီနိုင်ငံကို သွားရောက်ပြီးခရီးစဉ်အတွင်း ဂျာမဏီ သမ္မတ Joachim Gauck နဲ့ ဘာလင်မှာ တွေ့ဆုံဖို့ ရှိတယ်လို့ ဂျာမန်သမ္မတ ရုံးက ထုတ်ပြန်ထားပါတယ်။  


Willy Brandt Prize ဆိုတာဟာ လူသားအချင်းချင်း ကြားမှာ နိုင်ငံတကာ ဆိုင်ရာ နားလည်မှုတွေရအောင် စွမ်းဆောင်နိုင်သူ လူပုဂ္ဂိုလ် ဒါမှ မဟုတ် အဖွဲ့အစည်းတွေကို ဂျာမဏီနိုင်ငံက ဂုဏ်ပြုတဲ့အနေနဲ့ ပေးအပ် ချီးမြှင့်တဲ့  ဆုဖြစ်ပါတယ်။ 

ဒီဆုဟာ  ဂျာမဏီ အဓိပတိဟောင်း Willy Brandt ကို ဂုဏ်ပြုတဲ့အနေနဲ့ ၂ဝ၁၁ ခုနှစ်က စတင် ပြီး နှစ်စဉ် 
ပေးအပ်ခဲ့တာပါ။ 

အိမ့်သံစဉ် ~

No comments:

Post a Comment