Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, April 25, 2014

ထိပ်တန်းတွေးခေါ်သူများထဲ မြန်မာ တဦးပါဝင်

ပုဒ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာလည်း ၂၀၁၄ အတွေးအခေါ်ပညာရှင် ၅၀ မှာ နံပါတ် ၅ နေရာ ရရှိသွားပါတယ်။ (Credit: Reuters)

ဗြိတိန်နိုင်ငံထုတ် ​Prospect ​မဂ္ဂဇင်းရဲ့ ​၂၀၁၄ ​ခု ​ကမ္ဘာ့ထိပ်တန်းတွေးခေါ်သူများ ​World ​Thinker ​2014 ​အယောက် ​၅၀ ​မှာ ​မြန်မာနိုင်ငံက ​ဒေါက်တာ ​သန့်မြင့်ဦးကို ​ရွေးချယ်လိုက်တယ်လို့ ​သိရပါတယ်။

လက်ရှိ ​ကမ္ဘာမှာ ​ကြုံတွေ့နေရတဲ့ ​စီးပွားရေး၊ ​လူမှုရေး၊ ​နိုင်ငံရေး၊ ​ဖွံ့ဖြိုးရေးဆိုင်ရာ ​အခက်အခဲတွေ ​ဖြေရှင်း တဲ့ ​နေရာမှာ ​ပါဝင်ကူညီနေတဲ့ ​တွေးခေါ်သူ ​အယောက် ​၅၀ ​ကို ​နှစ်စဉ်ရွေးချယ်တဲ့ ​နေရာမှာ ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​နံပါတ် ​၁၅ ​နေရာမှာ ​ရွေးချယ် ​ဖော်ပြခံခဲ့ရတာ ​ဖြစ်ပါတယ်။

၂၀၁၁ ​ခုနှစ်က ​သူရေးသားတဲ့ ​Where ​China ​Meets ​India: ​Burma ​and ​the ​New ​Crossroads ​of ​Asia  ​စာအုပ်ဖြစ်တဲ့ ​မြန်မာနိုင်ငံဟာ ​အာရှ ​မဟာအင်အားကြီး၂ ​နိုင်ငံဖြစ်တဲ့ ​တရုတ်နဲ့ ​အိန္ဒိယကြား ​ရောက်နေချိန် ​ဆိုတဲ့ ​သူရဲ့တွေးခေါ်ရေးသားမှုတွေ ​ဟာ ​မြန်မာလူ့အဖွဲ့ ​အစည်းအတွက် ​အကျိုးရှိစေခဲ့တယ်လို့ ​ဆိုပါတယ်။

သမိုင်းပညာရှင် ​ဒေါက်တာ ​သန့်မြင့်ဦးဟာ ​မြန်မာငြိမ်းချမ်းရေး ​လုပ်ငန်းစဉ်မှာ  ​အစိုးရရဲ့ ​အထူး ​အကြံပေးတဦးဖြစ်ပြီး ​ရန်ကုန်မြို့ပြ ​အမွေအနှစ် ​ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ​ဥက္ကဌ ​ဖြစ်တဲ့အပြင် ​ကုလသမဂ္ဂ ​အထွေထွေအတွင်းရေးမှူးဟောင်း ​ဦးသန်းရဲ့ ​မြေးလည်း ​ဖြစ်ပါတယ်။

ပထမနံပါတ် ​၁ ​နေရာ ​ရရှိသွားသူကတော့ ​၁၉၉၈ ​ခုနှစ်က ​စီးပွားရေး ​နိုဘယ်လ်ဆုရရှိခဲ့တဲ့ ​လက်ရှိ ​အမေရိကန်နိုင်ငံ ​ဟားဗက်ဒ် ​တက္ကသိုလ်က ​ပါမောက္ခ ​ဖြစ်သူ ​အိန္ဒိယ ​စီးပွားရေး ​နဲ့ ​အတွေးအခေါ်ပညာရှင် ​Amartya ​Sen ​ဖြစ်ပါတယ်။

ABC Radio Australia

No comments:

Post a Comment