Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

ရန်ကုန်မြို့လယ်မှနှစ်ပေါင်းရာချီနေသည့်တိုက်ဟောင်းအန္တရာယ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင်ပြ


ရန်ကုန်တိုင်းဒေသကြီးပန်းပဲ တန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊  မဟာဗန်္ဓုလလမ်းနှင့် လမ်း ၃၀ ထိပ်ရှိအမှတ် ၄၈၂/၄၈၄ သုံးထပ်  တိုက်မှာ နှစ်ပေါင်းတစ်ရာကျော် သည်အထိအိုမင်းရင့်ရော်နေပြီး မကြာမီပြိုကျနိုင်သဖြင့် တိုင်းဒေသ   ကြီးအစိုးရအဖွဲ့က ထိန်းသိမ်းပေး နိုင်ရန် ဒေသခံပြည်သူတစ်ဦးက တိုင်းဒေသကြီးဝန်ကြီးချုပ်ထံတင် ပြထားကြောင်း သိရသည်။
၎င်းတိုက်တွင် ပထမထပ်နှင့် ဒုတိယထပ် ၈ ခန်းရှိပြီး နေထိုင် သူ ၅၀ ဦးခန့်ရှိကြောင်း၊ လမ်း မပေါ် မှကြည့်ပါက ရှေ့သို့ငိုက်နေ  ပြီး တိုက်နောက်ဘက်မှလည်း အုတ်များ အင်္ဂတေများ မကြာခဏ ကွာကျ လျက်ရှိကြောင်း၊ ဧပြီ ၅ ရက်နေ့က နောက်ဖေးမီးဖိုခန်း မျက်နှာကြက်တစ်ခုလုံးပြိုကျခဲ့ပြီး ဖြစ်ကြောင်း တာဝန်သိပြည်သူ တစ်ဦးဖြစ်သည့်ဦးသန်းဆွေကပြော  ကြားသည်။
“ပြီးခဲ့တဲ့နှစ်ကလည်း ဂလိုဘယ်  ဂျာနယ်မှာပါပြီးပြီဗျ၊ သက်ဆိုင် ရာကဘာမှတော့လာလုပ် တာမတွေ့  သေး ဘူး။ အဲဒီတိုက်မှာ ကျွန်တော့်  အမျိုးတစ်ယောက်မှ မနေဘူး။ ကျွန်တော်ပိုင်တဲ့ အခန်းလည်း တစ်ခန်းမှမရှိဘူး။ အများအတွက် လမ်းသွားလမ်းလာတွေအတွက် ပြောရတာပါ”ဟု ၎င်းကဆိုသည်။  အဆိုပါတိုက်အောက်တွင် ဆိုင်ခန်းများ၊ လမ်းဘေးဈေးသည် များလမ်းသွားလမ်းလာများနေ့စဉ် ထောင်သောင်းချီကာသွားလာနေ  ကြပြီး တိုက်နံရံဘေးမှ ညောင်ပင်  ကြီးများတိုက်တွင်းဝင်ရောက်နေ သလိုမျက်နှာစာတွင်လည်း ဧရာမ  ပိတောက်ပင်အမြစ်များက တိုက်အောက်သို့ဝင်ရောက်နေပြီ ဖြစ်ကြောင်း သိရသည်။
မမျှော်မှန်းနိုင်သည့်အန်္တရာယ် များအချိန်မရွေးကျရောက်နိုင်သဖြင့်  တာဝန်ရှိသူများ ကိုယ်တိုင်ကွင်း ဆင်းစစ်ဆေးပြီးလိုအပ်သလိုဆောင် ရွက်ပေးနိုင်ရန် တင်ပြရခြင်းဖြစ် ကြောင်း ဦးသန်းဆွေကပြောကြား သည်။

ဇော်မြင့်
The Hot News

No comments:

Post a Comment