Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, April 24, 2014

နေအိမ်မီးလောင်မှုဖြင့် တရားစွဲခံထားရသည့် မန်းဝန်ကြီးချုပ် အမှု ကျေအေးခွင့်ရမည်မဟုတ်


Written by  မျိုးသန့်
မန္တလေး၊ မဇ္ဈိမ။           ။ နေအိမ်မီးလောင်မှုကြောင့် ပြစ်မှုဆိုင်ရာပုဒ်မ ၂၈၅ဖြင့် တရားစွဲခြင်းခံထားရသည့် မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်သည် ဥပဒေပြဋ္ဌာန်းချက်အရ ကျေအေးခွင့်ရမည် မဟုတ်ဘဲ ပြစ်ဒဏ်တစ်စုံတရာ ကျခံရရန် ရှိသည် ဟု မန္တလေးရှေ့နေများကွန်ယက် အဖွဲ့ဝင်အချို့က မဇ္ဈိမကို ဧပြီ ၂၃ရက်တွင် ပြောသည်။
“အဲဒီပြစ်မှုကို ကြေအေးပေးတာ၊ ပြစ်ဒဏ်လျော့ပေါ့ပေးတာ တွေကိုလည်း လုပ်လို့မရပါဘူး၊ အာမခံတော့ ပေးလို့ရပါတယ် ” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုဝါကပြောသည်။ ထို့ကြောင့် ၀န်ကြီးချုပ်သည် အဆိုပါ ပြစ်မှုအတွက် ပြစ်ဒဏ်အမြင့်ဆုံး အဖြစ်ထောင်ဒဏ်သုံးနှစ်အထိ ကျခံရန်ဖြစ်စေ၊ ငွေဒဏ်တစ်ရပ်ရပ် (ဆုံးရှုံးမှုပမာဏ ပေါ်မူတည်၍သတ်မှတ်) ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်ဖြစ်သည်။
မန္တလေးမြို့ ၆၅လမ်း ၂၃-၂၄လမ်းကြားရှိ ၀န်ကြီးချုပ်၏ နေအိမ်တွင် ဧပြီ ၁၉ ရက်၊ ည ၈ နာရီခွဲခန့်က လေအေးပေးစက်ကို ဓာတ်အားပေးရန် အသုံးပြုသည့် Safe Guard အပူလွန်ကဲရာမှ တစ်ဆင့် ဖြစ်ပွားခြင်း ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဧပြီလ ၂၂ ရက် နေ့လည်ပိုင်းတွင် အောင်မြေသာစံမြို့နယ် အမှတ် ၁ ရဲစခန်းက အိမ်ထောင်ဦးစီးအဖြစ် တာဝန်ရှိသူ ၀န်ကြီးချုပ်ကို အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ မီးလောင်ကျွမ်းမှုနဲ့ ပတ်သက်ပြီး အိမ်ထောင်ဦးစီး(သို့) တာဝန်ရှိသူတစ်ဦးကို လာရောက်ဖြေရှင်းပေးဖို့ အကြောင်းကြားပေးပို့ထားပြီး ဖြစ်သလို ပြစ်မှုပုဒ်မ၂၈၅ နဲ့လည်း အမှုဖွင့်ထားပြီး ဖြစ်ပါတယ် ” ဟု အမှတ် ၁ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောသည်။
မီးလောင်ကျွမ်းမှုကြောင့် ကာလတန်ဖိုးငွေကျပ် ၁၁ သိန်းခန့် ဆုံးရှုံးခဲ့သည်ဟု တာဝန်ရှိသူတို့က သတင်းထုတ်ပြန်ထားသည်။
Mizzima

No comments:

Post a Comment