Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, April 19, 2014

ငြိမ်းချမ်းရေး သင်္ကေတပေလော (ကျိုက်ထီးရိုးဘုရားပုံတော် မှိုပွင့်ကြီး အစ္စလာမ်ဘာသာဝင်အိမ်၏ အိမ်ရှေ့တိုင်တွင် ပေါက်ရောက်)


မြန်မာနှစ်ဆန်း ၁ရက်နေ့ ကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေအတွက် အင်မတန်မှကို ကောင်းမွန်ထူးမြတ်တဲ့ နေ့လေးတစ်နေ့ပါ

ဖြစ်ပုံက. ဒီနေ့မနက် လှိုင်သာယာမြို့နယ် အမှတ်၉ရပ်ကွက်. မြိုင်လမ်း ထဲက မွတ်စလင် အိမ်ရှေ့မှာ ယုတ်ယုတ်သဲသဲဖြစ်လို့ သွားကြည့်တော့
အိမ်ရှေ့ ခြံစည်းရိုးတိုင် လေးမှာ ကျိုက်ထီးရိုးဘုရားပုံစံ မှိုပွင့်ကြီး ကိုဖူးမျှော်လိုက်ရပါတယ်..

စတွေတဲ့ သူက အသက် ၂၀ ဝန်းကျင် လောက်သာရှိသေးတဲ့ အစ္စလာမ် ဘာသာဝင် မိန်းကလေးတစ်ယောက်ပါ...သူမ ပြောပြတာကတော့ ညက သူမ အိမ်မက်မက်ရာမှာ အိမ်ရှေ့မှာ ဘုရားရှိတယ် လို့ မက်ရာမှ သူမတို့ ဘုရားအထင်နှင့် လိုက်ရှာရာမှ ယင်း ကျိုက်ထီးရိုး ဘုရားပုံစံတူ မှိုပွင့်ကြီးကို တွေရတာပါလို့ ဆိုပါတယ်..

ခုတော့ ထိုဘုရားပုံတော်ကို မြို့နယ် မ.ဘ.သ ဥက္ကဌဖြစ်တဲ့ မိုးကောင်းကျောင်းတိုက် သို့ ပင့်ဆောင်ပူဇော်ထားကြောင်းပါခင်ဗျာ..
မြို့နယ်မှူးနဲ့ နယ်မြေခံရဲတပ်ဖွဲ့ပါ လောရောက် စစ်ဆေးကြောင်း ထပ်မံသိရှိရပါတယ်..

နှစ်သစ်မှာ နိမိတ်ကောင်းတစ်ခုအဖြစ် မှတ်တမ်းတင်ရတော့မှာပါ...





မိုးကောင်းကျောင်းဆရာတော် ဖုန်း ကတော့ 09450011350 ဖြစ်ကြောင်းနဲ့ ရပ်နီးရပ်ဝေးမှ လာရောက်ဖူးမြော်နိုင်ပါကြောင်း

Posted From Ko Zay

No comments:

Post a Comment