Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 1, 2014

ဒေါ်လာ ၅.၂ သန်းပေးပြီး အိမ်ဂေဟာတစ်ခုကိုဝယ်ယူခဲ့တဲ့ Leonardo DiCaprio


Jack the Ripper on 2014-03-01 12:24
Leonardo DiCaprio ဟာဒေါ်လာ ၅.၂ သန်းပေးပြီး အိမ်ဂေဟာတစ်ခုကိုဝယ်ယူခဲ့တယ်လို့သိရပါတယ်။
သရုပ်ဆောင်အလုပ်ကနေ တစ်နှစ်အနားယူမယ်လို့ကြေငြာခဲ့တဲ့ Leo ဟာကာလီဖိုးနီးယားပြည်နယ် Palm Springs အရပ်က ၁.၃၄ ဧကရှိတဲ့အိမ်ဂေဟာဝန်းကြီးကိုပိုက်ဆံအများကြီးပေးပြီး ၀ယ်ယူခဲ့တာဖြစ်ပါတယ်။
ဒီအိမ်ကြီးကိုကွယ်လွန်သွားပြီဖြစ်တဲ့ အမေရိကန်အဆိုတော်၊ သရုပ်ဆောင် Dinah Shore ကပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အိပ်ခန်းပေါင်း ၆ ခန်း၊ ရေချိုးခန်း သီးသန့်အားကစားရုံပါဝင်ပါတယ်။
စတုရန်းပေ ၅၀၀၀ ရှိတဲ့အိမ်ကြီးဟာ ရေကူးကန်၊ ဖန်သားပြင်ကာရံထားတဲ့တင်းနစ်ကွင်း တွေနဲ့တွဲလျက်တည်ရှိနေပါတယ်။
အထပ်တစ်ထပ်ထက်ပိုပါပြီး လုံးချင်းဆောက်ထားတဲ့အိမ်ကို ဗီသုကာပညာရှင် Donald Wexler ကဒီဇိုင်းဆွဲခဲ့တာဖြစ်ပါတယ်။ ၁၉၆၅ ကတည်ဆောက်ခဲ့တာဖြစ်ပြီး အစအဆုံးပြန်လည်မွမ်းမံထားပေမယ့် အဲဒီ့အထဲမှာတော့ ရာစုနှစ်တစ်ဝက်သက်တမ်းရှိဗိသုကာလက်ရာတွေပါပါတယ်။
အဲဒီ့အိမ်ကြီးကို Ben Lipps နဲ့သူ့ဇနီး Jude Dr Lipps တို့က ၂၀၁၁ ခုနှစ်မှာ ဒေါ်လာ ၄.၉ သန်းနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း Leo ဟာ New York က Greenwich Village မှာ အိမ်ဝယ်ယူခဲ့တာဖြစ်ပြီး အဲဒီ့နောက်မှာတော့ သူပိုင်ဆိုင်တဲ့ Malibu က အိပ်ခန်း ၇ခန်းပါအိမ်ဂေဟာကိုပြန်ရောင်းခဲ့ပါတယ်။
Ref:starpulse.com
Trend Myanmar

No comments:

Post a Comment