ပြောရင်တောင် ယုံရခက်တဲ့ အနေအထား တစ်ခုပါ။ သို့ပေမ့ယ် ဒါဟာ တကယ် အမှန်တရားတစ်ခုပဲ ဖြစ် ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာပါ ။
Jung Dayeon လို့အမည်ရတဲ့ အသက် ၄၂ ကျော်ပြီဖြစ်တဲ့ ကလေး ၂ ယောက် မိခင် တစ်ဦးပါ။ ကလေးရပြီးနောက် ဝိတ် က ကီလိုဂရမ် ၇၀ ကျော်အထိတောင် တက်ခဲ့ပါတယ်။ နေရထိုင်ရလည်း အဆင်မပြေဖြစ်လာပြီး ဖျားနာလွယ်တဲ့ လူအိုတစ်ဦးလို ဖြစ်လာပါတယ်။ ဒါနဲ့ တစ်မနက်မှာ အိပ်ယာ ထထခြင်း သူ့စိတ်ခံယူချက်ကို ပြောင်းလဲလိုက် ပါတယ်။ ဝိတ်ကျပြီး သွက်လက်ချက်ချာ ကျန်း မာရေး ကောင်း မွန်သူ တစ်ဦး ဖြစ်လာစေရမယ်လို့ ခံယူချက်ထားလို့ ဝိတ်ချတဲ့ အားကစားကို ဆက်တိုက်ပြုလုပ်ပါတော့တယ်။
၃ လအတွင်း ဝိတ် ၂၀ ကီလိုဂရမ်အထိ ကျဆင်သွားပြီး သူ့ရဲ့  ပြောင်းလဲ လိုက် တဲ့ Life Style ကြောင့် ပုံမှာ မြင်တွေ့ ရတဲ့ အတိုင်း နုပျိုသွားတာ ကို မြင်တွေ့ရမှာပါ။ သူ့ကို အသက် ၄၂ နှစ်လို့ပြောရင်တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူဟာ တကယ် အသက် ၄၂ နှစ်အရွယ် ဖြစ် ပါတယ်။ ကိုယ်ခန္ဓာအချိုးအစား ပြေပြစ် လှပလာမှုနဲ့အတူ ရုပ်ရည်လည်း နုသထက်နုသွားပါတယ်။
ဒါကြောင့် ကြည့်လိုက်ရင် ဆက်ကျော်သက်၊ နှစ်ဆယ်ကျော်သက် အရွယ်လိုပဲ အမှန်တကယ် နုပျိုနေ ပါတယ်။ ကမ္ဘာအရပ်ရပ်က သတင်း မီဒီယာ တို့ လာရောက် အင်တာဗျူး၊ လေ့လာရတဲ့အထိ နာမည်ကြီး သွားပြီး ဝိတ်ချနည်း စာအုပ်၊ အရွယ်တင် လေ့ကျင့်ခန်း အားကစားစာအုပ် အစရှိသဖြင့် အမျိုးမျိုး ရေးသား ထုတ်ဝေ ရာမှာလည်း အောင်မြင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း အားကစားလေ့ကျင့်ရေးခန်းမ ဖွင့်လှစ် သင်ကြားပြီး အောင်မြင်နေပါတယ်။ သူ့ရဲ့  အောင်မြင်မှုက တောင်ကိုရီးယား မှာတင်မကပဲ ဂျပန်နိုင်ငံအထိ ကူးဆက် ခဲ့ပြီး အာရှရဲ့  စံပြ အိမ်ရှင်မ တစ်ဦးအဖြစ် မှတ်တမ်းတင်စေခဲ့ ပါတယ်။ စီးပွားရေးအရ လည်း အောင်မြင် တဲ့ လုပ်ငန်းရှင် တစ်ဦး ဖြစ်လာပါတယ်။
အသက် ၄၂ နှစ်အရွယ် တကယ်ရှိပါပြီ။ သူမရဲ့  Facebook Profile Link ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
www.facebook.com/ jungdayeon
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/ health/beauty/ 40366-jung-dayeon

www.facebook.com/
အောင်ခမ်း (ရိုးရာလေး)
http://www.yoyarlay.com/

No comments:
Post a Comment