Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 24, 2014

အိမ်ဖော်ကိုနှိပ်စက်ခဲ့အိမ်ရှင်အား ပုဒ်မ၃ခုနဲ့ အမှုဖွင့်


RELATED NEWS

RELATED TOPICS

 
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ် မြို့နယ် ဘုရင့်နောင်တာဝါ(၂)ရှိ ၄ လွှာ အခန်းအမှတ် ၄၀၆ ဘီရှိ အခန်းတစ်ခု တွင် အိမ်အကူမိန်းကလေးအား အိမ်ရှင်ဖြစ်သူ ဒေါ်စီစီလျာ (ခ)ခါးခါးမှ ရေနွေးပူဖြင့်ပက်၊ ပါးနားရိုက်ခြင်းများ၊ အမှိုက်လှည်းရာတွင် မပြောင်ခြင်းများကြောင့် လျှာဖြင့်ပြန်လျက်ခိုင်းခြင်းများ၊ အ၀တ်လှန်းသည့် သံတုတ်များဖြင့် မျက်နှာကို ရိုက်နှက်နှိပ်စက်ခြင်းများ၊ ၈ ရက်ခန့် အခန်းပိတ်လှောင်ထားခြင်းများ (၃)လ ခန့် လုပ်ဆောင်ခဲ့ရာ မခံနိုင်သည့်အဆုံး အိမ်အကူမိန်းကလေးသည် အိမ်းရှင်များ အလစ်တွင် ထွက်ပြေး၍ လွတ်မြောက်လာလဲ့သည်ဟု သိရသည်။ ယင်းမိန်းကလေးအား ပြည်သူ့ဂုဏ်ရည်ဆုရ ဒေါ်ရှု၏ နေအိမ်တွင် ထိန်းသိမ်းစောင့်ရှောက်ပေးထားကြောင်း သတင်းရရှိသည်။

''၃ လပိုင်း ၁၀ ရက်နေ့မှာ သူဆံပင်ညှပ်ခိုင်းတဲ့ဆိုင်မှာ မညှပ်လို့ သူ့အသိုင်းအ၀ိုင်းမှာ သိက္ခာကျတယ်ဆိုပြီး ရေနွေးပူနဲ့ပက်တယ်။ အဲဒီ ညနေမှာပဲ သူ့ညီမမွေးနေ့ပွဲသွားဖို့ မီးပူတိုက်ခိုင်းတာ အင်္ကျီမပြန့်လို့ မီးပူနဲ့ထပ်ကပ်တယ်၊ သူ့သားလေး ကျောင်းအင်္ကျီအ၀တ်လျော်ခိုင်းတာကို သမီးက လုံချည်ရေစိုမှာစိုးလို့ လုံချည်လေးမတာကို ဆံပင်စောင့်ဆွဲပြီး အ၀တ်လှန်းတဲ့ သံတုတ်နဲ့ရိုက်တယ်။ မခံနိုင်တဲ့အဆုံး ထွက်ပြေးလာတာ ၁၈ ရက်နေ့မှာပါ။ ထွက်မပြေးရင်လည်း သူတို့က သူ့တို့ဒေသ မြစ်ကြီး နားပို့မယ်ဆိုပြီး ပြောလို့ပါ။ အခုရွာပြန်ပြီး တောင်သူပဲလုပ်တော့ မယ်။ ဘ၀တူတွေအတွက် အရာရာ သတိနဲ့ သူများပြောတိုင်းမယုံဖို့၊ သေသေချာချာ စဉ်းစားပြီးမှ အလုပ်တစ်ခုကို လုပ် သင့်ပါတယ်''ဟု ကာယကံရှင် မသီတာဝင်း က ဆိုသည်။

Untitledအဆိုပါ နေအိမ်တွင် အိမ်အကူအ လုပ် သွား ရောက် လုပ်ကိုင်မိစဉ်ကာ လအတွင်း လူမျိုးရေးအရ ခွဲခြားဆက်ဆံခံ ခဲ့ရသည်သာမက ဘာသာရေး ထိ ပါး ပြောဆိုမှုများ ပါဝင်ခဲ့ပြီး လူသားချင်း မစာနာ သည့်လုပ်ရပ်များလည်း ကျုးလွန်ခဲ့ကြောင်း မသီတာဝင်းက ပြောသည်။

''နယ်ဘက်ကလာပြီး အလုပ်လုပ် ရတဲ့ အားနွဲ့တဲ့ မိန်းကလေးကို ဒီလို လူမဆန်အောင် လူ,လူချင်း အနိုင်ကျင့် တာတော့ မကောင်း ဘူးပေါ့လေ'' ဟု ပြည် သူ့ဂုဏ်ရည်ဆုရ ဒေါ်ရှုက ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ် လျဉ်း၍ အိမ်အကူ မသီတာဝင်းအား နှိပ်စက်ခဲ့သူ အိမ်ရှင်ဒေါ်စီစီလျာ(ခ)ခါးခါးကို ကမာရွတ်မြို့မ ရဲစခန်းတွင် ပုဒ်မ-၃၂၆/၂၉၄/၃၄၂ တို့ ဖြင့် အမှုဖွင့်လှစ် စစ်ဆေးနေကြောင်း သတင်းရ ရှိသည်။

သူရမင်းဇော်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment