၂၀၁၄ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နံနက် ၄ နာခွဲအချိန် မန္တလေးတိုင်းဒေသကြီး၊
နွားထိုးကြီး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၃၂၇/ ၆-၇)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း
သတင်းအရ ပြင်စည်အမြန်လမ်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ ရန်ကုန်မှမန္တလေးသို့ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံအရှေ့မြို့နယ်၊ ရွာသာကြီးနေ ချစ်မင်းခိုင်(၂၅)နှစ် မောင်းနှင်လာသည့် ၃D/ xxxx “သီတာထွန်း” ဘုရားဖူးပို့ဆောင်ရေးမှန်လုံယာဥ်မှာရှေ့မှမောင်းနှင်နေသောေ တာင်ငူမြို့၊အမှတ်(၁၁)ရပ်ကွ က်နေဦးနေလင်းမောင်(၄၂)နှစ် မောင်းနှင်သည့် ၆ခ/xxxx ပါဂျဲရိုး စိမ်း/ ငွေမင်ကြားရောင်ယာဉ်အားကျော် တက်စဉ် အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်တိုက်မိခြဲ့ ပီး ၆ခ/ xxxxပါဂျဲရိုးယာဉ်မှာ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့တိုက်မိမှုကြောင့် ၃D/ xxxxယာဉ်ပေါ်တွင်လိုက်ပါလာသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ၆ခ/ xxxx
ယာဉ်မောင်း ဦးနေလင်းမောင်တွင် ဦးခေါင်းထိပ်ပေါက်ပြဲ၊ ယာပါးပွန်းပဲ့၊
ယာလက်မောင်းကျိုးဒဏ်ရာနှင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ပဲခူးတိုင်းဒေသကြီး၊
အုတ်တွင်းမြို့နယ်၊ တဘက်ကွေ့ရွာနေ ၀င်းဇော် (၂၃)နှစ်တွင်
နဖူးဝဲဘက်ဖူးရောင်၊ ၀ဲလက်မောင်းနာကျင်၊ ယာတံတောင်ဆစ်ပွန်းပဲ့ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်းနှင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ချစ်မင်းခိုင်အားဘောနတ်ကြီး အမြန်လမ်းရဲစခန်း ယာဉ်(ပ)၇/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment