Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, March 31, 2014

အမေရိကန်နှစ်ဦးမှ ကျပ်သိန်းပေါင်း တစ်သိန်း ရလိုမှု တရားစွဲ၊ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် တရားရုံးတွင် ရင်ဆိုင်

Tomorrow ဂျာနယ်

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်က ဟဲဟိုးတွင် မတော်တဆ ဖြစ်ပွားခဲ့သော အဲပုဂံေ လကြောင်းပိုင် လေယာဉ် XY-AGC F100 ဖော်ကာ ဂျက်လေယာဉ် စီးနင်းပြီး ဒဏ်ရာ ရရှိခဲ့သည့် အမေရိကန် နိုင်ငံသား နှစ်ဦးက ထူးကုမ္ပဏီကို တရားစွဲဆိုခဲ့ရာ မတ်လ ၂၁ ရက်နေ့က ရန်ကုန်တိုင်း တရား လွှတ်တော်၊ တရားခွင်(၇) သို့ ထူးကုမ္ပဏီ ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် လာရောက် တရား ရင်ဆိုင်ခဲ့ကြောင်း သိရသည်။

တရား စွဲဆိုရာတွင် ထူးဂရု(ပ်) ကုမ္ပဏီ၊ ထူးထရိတ်ဒင်း ကုမ္ပဏီ၊ ထူးထရိတ်ဒင်း ဂရု(ပ်) ကုမ္ပဏီ၊ အဲပုဂံ လီမိတက်နှင့် အဲပုဂံ ဂိုးလ်ဒင်း လီမိတက်(၅)ခုကို တရားစွဲ ဆိုခဲ့ခြင်းဖြစ်ပြီး အမှုကို ရန်ကုန်တိုင်း ဒေသကြီး တရား လွှတ်တော် တရားရုံး အမှတ် (၇) တွင် (၂/ ၂၀၁၄) ဖြင့် ဖေဖော်ဝါရီ ၂၄ ရက် မှစပြီး စစ်ဆေးခဲ့သည်။ ဒုတိယ ရုံးချိန်း အဖြစ် မတ်လ ၇ ရက်တွင် စစ်ဆေးခဲ့ပြီး တတိယ ရုံးချိန်းဖြစ်သော မတ်လ ၂၁ ရက်တွင် ထူးကုမ္ပဏီ အုပ်စု ဥက္ကဋ္ဌ ဦးတေဇ ကိုယ်တိုင် တရားရုံးသို့ လာရောက် ရင်ဆိုင်ခဲ့ကြောင်း သိရသည်။ ယခု ရုံးချိန်းအား ထူးကုမ္ပဏီ ဥက္ကဋ္ဌ ကိုယ်တိုင် လာရောက် ရင်ဆိုင် ခဲ့သော်လည်း နှစ်ဖက် ရှေ့နေများ မဆုံသဖြင့် ရုံးချိန်းအား သင်္ကြန် အပြီးသို့ ပြောင်းရွှေ့လိုက်ပြီး ရက် အတိအကျ မသတ်မှတ် ရသေးကြောင်း သိရသည်။

ဦးတေဇနှင့် တရားရုံးတွင Tomorrowက တွေ့ဆုံ မေးမြန်းရာ အဲပုဂံကိစ္စ အတွက် တရားရုံး လာရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ အဲပုဂံအား တောင်းဆိုသော လျော်ကြေးငွေ ကိစ္စနှင့် ပတ်သက်၍ ၄င်းက “ကျွန်တော်တို့ ဒီကိစ္စကို အပြည့်အစုံ ပြန်ကြား ပေးပါမယ်၊ ဒါကို အပြည့်အစုံ ဖတ်ပြီးတော့မှ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ကြပါ။ ကျွန်တော် ကတော့ သူများကို မဝေဖန် ချင်လို့ပါ”ဟု ပြောကြား ခဲ့သည်။

တရားစွဲဆိုသော အမေရိကန် လူမျိုးနှစ်ဦးကို မတော်တဆ ဖြစ်လျှင်ဖြစ်ပွားချင်း ဦးတေဇနှင့် ၀န်ထမ်းများ ကိုယ်တိုင် တောင်ကြီး စပ်စံထွန်း ဆေးရုံမှ ဟဲဟိုးသို့ ကိုယ်ပိုင် ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ပေးပြီး ထိုမှ တစ်ဆင့် ကိုယ်ပိုင် ဂျက်လေယာဉ်ဖြင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးခဲ့သည်။ ထိုမှတစ်ဆင့် စင်္ကာပူနိုင်ငံ SGH ဆေးရုံတွင် စင်္ကာပူ ဒေါ်လာ သုံးသိန်း ပေးသွင်းပြီး ဆေးကုသပေးခဲ့ကာ၊ သက်သာသဖြင့် အမေရိကန်သို့ အထူး လေယာဉ်ကို ဒေါ်လာ ၁၇၅၀၀၀ဖြင့် ငှားရမ်းပြီး ပို့ဆောင်ခဲ့ကြောင်း မြန်မာ့အာမခံ နှင့် Reinsurance ကုမ္ပဏီမှ လျော်ကြေးများ ရရှိရေး ဆောင်ရွက်နေစဉ် အင်အား ကောင်းပြီး လေယာဉ် မတော်တဆမှုများတွင် လျော်ကြေး များစွာ ရအောင် အကျိုးဆောင် ပေးသလို အကျိုးဆောင်ခ များစွာယူနေသော အမေရိကန် Kreindler & Kreindler LLP Law Farmကို ယင်းတို့မှ ငှားရမ်းကာ ထိခိုက်မှု အမျိုးမျိုး၊ နစ်နာမှု အမျိုးမျိုးဖြင့် လျော်ကြေးများစွာ ရအောင် ဆောင်ရွက်နေကြောင်း သိရသည်။ အဲပုဂံဘက်မှ တရား လွှတ်တော်ချုပ် ရှေ့နေ ဒေါ်သင်းသင်းရီ လိုက်ပါ ဆောင်ရွက်ပြီး တရားလို အမေရိကန် နှစ်ဦးဘက်မှ တရား လွှတ်တော်ချုပ် ရှေ့နေ ဦးကျော်စိုးမိုး လိုက်ပါ ဆောင်ရွက်နေကြောင်း သိရသည်။

တရားလိုဘက်မှ နစ်နာကြေးများ အဖြစ် ဆေးဝါး ကုသစရိတ်များ၊ ကျန်းမာ သန်စွမ်းစွာ မလုပ်ကိုင် နိုင်တော့သည့် အတွက် နစ်နာကြေးများ၊ ထိခိုက်မိသော ဒဏ်ရာများမှ နာကျင် ကိုက်ခဲသော ဒုက္ခများကို ခံစားရသည့် အတွက် နစ်နာကြေးများ၊ မတော်တဆမှ တစ်ဆင့် ဖြစ်ပေါ်လာသော ကြောက်ရွံ့ စိုးရိမ် ထိတ်လန့်မှုများ အတွက် နစ်နာကြေးများနှင့် ဥစ္စာ ပစ္စည်းများ ကုန်ဆုံးမှုများ အတွက် အမေရိကန် ဒေါ်လာ ၉ ဘီလျံ (စွဲချက်တင်သော နေ့တွင် ထိုင်းဘဏ်မှ ကြေညာချက် အရ ငွေလဲလှယ်နှုန်းသည် ၁ ဒေါ်လာလျှင် ၃၂.၆၆၄ ဘတ်နှင့် ညီမျှသည်) ခန့်မှန်းချေ ဘတ်၂၉၃၉၈၅၀၀၀အား ရလိုမှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားလို နှစ်ယောက်စလုံးသည် ဆေးဖိုး စရိတ်နှင့် ဖေးမမှုများကို တရားပြိုင်ဘက်မှ မည်သည့် နည်းလမ်းမနှင့်မှ မရခဲ့ဖူးကြောင်း၊ တရားပြိုင်ဘက်မှ အမှား ပြုလုပ်မှုကြောင့် တရားလို နှစ်ယောက်လုံးသည် ဆေးဖိုးစရိတ် ကုန်ကျမှု ငွေမြောက်မြားစွာကို မိမိဘာသာ သုံးစွဲခဲ့ရကြောင်း၊ တရားပြိုင်ဘက် အပြုအမူများသည် သုံးစွဲသူများ အပေါ် မရင်ဆိုင်ရဲ၊ ထောက်ထား စာနာမှု မရှိပေ။ Accident ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ အပေါ်တွင်လည်း တာဝန်ယူမှု မရှိသည့် အပြင် Professional အနေဖြင့်လည်း မိမိ၏ အမှားကို တာဝန်ယူခြင်း မရှိဟု တရားရုံးတွင် စွဲချက် တင်ထားကြောင်း သိရသည်။ု

Facebook ပေါ်ရှိ ဦးတေဇ၏ ကိုယ်ပိုင် စာမျက်နှာတွင် အမေရိကန် နိုင်ငံသား နှစ်ဦး ဖြစ်သော Mr.Allan Lokos နဲ့ Mrs. Susanna Weiss တို့မှ အမေရိကန် နိုင်ငံ၏ Super Powerကို အသုံးချကာ မိမိအား ဘက်ပေါင်းစုံမှ ဖိအားပေး ငွေကြေး တောင်းခံခဲ့သည့် အပြင် မိမိနှင့် မိမိ တည်ထောင် ပေးထားခဲ့သော Air Bagan Co., Ltd. အပါအ၀င် အခြား သက်ဆိုင်ခြင်း မရှိသော ကုမ္ပဏီများကို အမေရိကန်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် မမှန်ကန်သော စွပ်စွဲချက်များဖြင့် တရားစွဲဆို ခဲ့ပါသည်။ မိမိ ကုမ္ပဏီ တည်ထောင်ခဲ့သည့် သက်တမ်း တလျှောက် အတွက်လည်း ပထမဆုံး တရား စွဲဆိုခံရမှု ဖြစ်ခဲ့ပါတယ်။

ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံရှိ တရားရုံး ၃ ခုမှာ တစ်ဖက်သတ် စွပ်စွဲချက်များဖြင့် မသက်ဆိုင်သော ကုမ္ပဏီများကိုပါ ထည့်သွင်း တရားစွဲဆို ခဲ့ပါတယ်။ ထိုသို့ တရားစွဲဆို လာခြင်းကို မိမိ အနေဖြင့် ရှောင်ပုန်းနေမည် မဟုတ်ပဲ အမှန်တရား အတွက် မြန်မာနိုင်ငံသား တစ်ဦး ပီသစွာ ရင်ဆိုင် ဖြေရှင်းသွားမှာ ဖြစ်ပါတယ်”ဟု ရေးသားထားပြီး ကုမ္ပဏီ တည်ထောင်သည့် ၂၅ နှစ် အတွင်း တရားရုံးသို့ သွားရောက် ရင်ဆိုင်ရခြင်းမျိုး မရှိခဲ့ဟု ဆိုသည်။

No comments:

Post a Comment