Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 27, 2014

ပျောက်ဆုံးသူ ဆေးကျောင်းသားကို သေဆုံးလျက်တွေ့ရှိ

27 March 2014

ရန်ကုန်၊ မတ် ၂၇

၂၆.၃.၂၀၁၄ ရက်နေ့ ၁၂၀၀အချိန်တွင် ဒဂုံမြောက်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင် များသည် ငမိုးရိပ်ချောင်း ကမ်းစပ်တွင် အမျိုးသားတစ်ဦး သေဆုံးနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ အသက် (၂၀)ကျော် ခန့်အမျိုးသား ဖြစ်ပြီး ပြင်ပဒဏ်ရာများမတွေ့ရှိရဘဲ ရေနစ်သည့် လက္ခဏာဖြင့် သေဆုံး နေသည်ကို တွေ့ရှိရပါသည်။

ထိုသို့တွေ့ရှိရသော သေဆုံးအမျိုးသားနှင့် ပတ်သက်၍ စုံစမ်းဆောင်ရွက်ခဲ့ပြီး ဆေးကျောင်းသားတစ်ဦး ပျောက်ဆုံးနေမှုကို ဗိုလ်တထောင်မြို့မရဲစခန်း၌ လူပျောက်ဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းအရ ဆက်သွယ်အကြောင်းကြားခဲ့ကာ စိစစ်အတည်ပြု ခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

စိစစ်အတည်ပြုချက်များအရ ၎င်းသေဆုံးသူမှာ ဗိုလ်တထောင်မြို့မရဲစခန်း၌ လူပျောက်အမှတ်စဉ် (၃/ ၂၀၁၄)ဖြင့် စုံစမ်းရှာဖွေလျက်ရှိသော ၂၀.၃.၂၀၁၄ ရက်နေ့ကတည်းက ပျောက်ဆုံးနေသည့် မောင်ဇော်မြတ်ထွဋ်၊(၂၁)နှစ်၊ ဆေးတက္ကသိုလ်(၁)ကျောင်းသား၊ (ဘ)ဦးရမ်ဇာဝါး ဖြစ်ကြောင်းသိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ဒဂုံမြောက်မြို့မရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၇/၂၀၁၄)ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
ပျောက်ဆုံးနေသည့် မောင်ဇော်မြတ်ထွဋ်၊(၂၁)နှစ်၊ ဆေးတက္ကသိုလ်(၁)ကျောင်းသား၊

No comments:

Post a Comment