Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 25, 2014

သီးသန့် ဂျက်လေယာဉ်လေးစီးဌားပြီး ဘရာဇီးကမ္ဘာ့ဖလားပွဲ သွားမယ့် ရော်နယ်ဒို





Angel on 2014-03-25 14:17
ကမ္ဘာ့အချမ်းသာဆုံးဘောလုံးသမားဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ၂၀၁၄ ကမ္ဘာ့ဖလား ဘောလုံးပွဲကျင်းပမယ့် ဘရာဇီးနိုင်ငံကို သူ့ ရဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အတူ ဂျက်လေယာဉ် လေးစီးဌားပြီး သွားရောက်မယ်လို့ သိရပါတယ်။
ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို လက်ရှိပိုင်ဆိုင်ထားတဲ့ ရော်နယ်ဒိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်း နဲ့ အတူ ကမ္ဘာ့ဖလားပွဲကို ၀င်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး ပွဲကာလအတွင်းမှာ သူ့ ရဲ့ မိသားစုဝင်တွေ တည်းဖို့  အတွက် ကြယ်ငါးပွင့်ဟိုတယ်တွေမှာလည်း ကြိုတင်စာရင်းပေးပြီးပြီလို့ ဆိုပါတယ်။
ဇာတိ Madeira မှာ သူ့ ရဲ့ ကိုယ်ပိုင်ပြတိုက်ကို ဖွင့်လှစ်ထားသလို ရော်နယ်ဒိုဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု ဖြစ်တဲ့ Ballon d’Or ရရှိတုန်းကလည်း ရီးယဲလ်မက်ဒရစ်အသင်းဆေးအဖွဲ့ ရဲ့ အဖွဲ့ ဝင်တိုင်း ကို သူတို့ ကြိုက်တဲ့ကားတစ်စီးစီ ၀ယ်ပေးခဲ့သူပါ။
ရော်နယ်ဒိုရဲ့ အခုအစီအစဉ်ကို ထုတ်ဖော်ပြောကြားခဲ့သူကတော့ ဘရာဇီးလေတပ်ရဲ့ ဗိုလ်မှူးကြီးတစ်ဦး ဖြစ်ပါတယ်။
ရော်နယ်ဒို ရဲ့ မိသားစု၊မိတ်ဆွေတွေဟာ ဘယ်လောက်တောင်များလို့ ဂျက်လေယာဉ်လေးစီးဌားပြီး လာရတာလည်း ဆိုတာကတော့ မသိရပါဘူး။
ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ဖလားပွဲစဉ်ကာလအတွင်း ကစားကွင်းတွေအနီးနားကနေ လေယာဉ်ပျံသန်းခြင်းကို တားမြစ်ထားပါတယ်။
Ref: yahoo.com
Trend Myanmar

No comments:

Post a Comment