Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, March 25, 2014

နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာရရှိခဲ့သော အလောင်းတော်ကဿဿ ပဘုရားဖူး ယာဉ်ချောက်ထဲကျမှု တစ်နှစ်သားကလေးငယ် သစ်ပင်တွင် ချိတ်ကျန်ကာ အန္တရာယ်ကင်းလွတ်

1006021_846265472055916_292590302_n 10153789_846264165389380_1552635696_n 
ရန်ကုန်၊ မတ်၂၅
နှစ်ဦးသေဆုံး၍ လူ ၂၂ ဦးဒဏ်ရာ ရရှိခဲ့သော အလောင်းတော်ကဿပဘုရား ဖူးဒိုင်နာကားမှောက်မှုတွင် ပါဝင်ခဲ့သူ တစ်နှစ်အရွယ်ကလေးငယ်မှာ အန္တရာယ် မှ လွတ်မြောက်သွားကြောင်း မျက်မြင် တွေ့ရှိခဲ့ရသူ ဒါရိုက်တာ ဦးစိုးဟိန်း (မန်း တက္ကသိုလ်)က ဏသစကူမေ နြတျ သို့ ပြော သည်။
မန္တလေးမြို့၊ အမရပူရမှ အလောင်း တော် ကဿပသို့ ဘုရားလာဖူးပြီးအပြန် တွင် မတ်လ ၂၄ ရက်နေ့ ညနေခင်း၌ လူ ၂၆ ဦး ပါကား ချောက်ထဲသို့ အရှိန်လွန် ထိုးကျသွားခဲ့သော်လည်း ထိုကလေးသည် သစ်ပင်ပေါ်တွင် ချိတ်နေပြီး သေဘေးမှ ထူးဆန်းဖွယ်ရာ လွတ်မြောက်ခဲ့သည်ဟု ကြုံတွေ့ခဲ့ရသူ ၄င်းက ဆက်ပြောသည်။ ”ကလေးက သူ့ကိုပတ်ထားတဲ့ ခြုံ စောင်နဲ့ ပုခက်လို အပင်မှာချိတ်နေခဲ့တယ်” ဟု ၄င်းကထပ်လောင်းပြောကြားသည်။ အဆိုပါဒိုင်နာယာဉ် တိမ်းမှောက်သွားပြီး နောက် ယာဉ်ပေါ်ပါနှစ်ဦးက အကူအညီ ထွက်တောင်းစဉ် ရွှေဆံပင်၊ ရွှေမေတ္တာ လမ်းတံတားဖွင့်ပွဲ တက်ရောက်ကြမည့် ရွှေ ဆံပင် ရွှေမေတ္တာလမ်းတံတားအကျိုး ဆောင်အဖွဲ့၊ သံဃာများနှင့် အနုပညာရှင် များ၏ဘုရားဖူးပြန်ကားတန်းနှင့် တွေ့ဆုံ သဖြင့် အချိန်မီကယ်တင် ကူညီမှုပြုလုပ် နိုင်ခဲ့ကြောင်း သိရသည်။
”ချောက်ထဲဆင်းပြီး တော်တော် လေး ခက်ခက်ခဲခဲကယ်တင်ခဲ့ကြရတယ်” ဟု ကယ်တင်ခဲ့သူတစ်ဦးက ပြောသည်။
ကားသည် ယင်းမာပင်ခရိုင် ကပိုင် မြို့နယ်အတွင်း နတ်ထိပ်မရောက်မီပြာပုံ တောင်အဆင်းလမ်း ညာဘက်ခြမ်းရှိ လူ တစ်ရပ်ကျော် မြေသားကမ်းပါးယံကိုကျော် လွန်ကာ တစ်ရှိန်ထိုးဆင်းသွားပြီး ကား တိမ်းမှောက်မှုကြောင့် ဒဏ်ရာရခဲ့သူတို့ ကို ရွှေဆံပင်၊ ရွှေမေတ္တာလမ်း တံတားဖွင့် ပွဲသွား အနုပညာရှင်များ၏ဘုရားဖူးကား များပေါ်သို့ တင်ဆောင်ကာ ဆေးရုံသို့ သွားပို့စဉ် တောင်ပေါ်သို့ ပထမဦးဆုံးတက် လာခဲ့သော စေတနာရှင် လူမှုကူညီရေး အဖွဲ့(ပေါက်ဝကျေးရွာ)ကားနှင့် တွေ့ သဖြင့် အသက်အန္တရာယ်စိုးရိမ်ရသော လူနာတို့ကို လွှဲပြောင်းတင်ပေးလိုက်ကြောင်း နှင့် ကျန်လူနာများကို ကပိုင်တိုက်နယ် ဆေးရုံသို့ အဖွဲ့က ပို့ပေးခဲ့သည်ဟု သရုပ် ဆောင်ဦးထူးသာထံမှ သိရသည်။ ယင်း နောက် ဒေသခံပရဟိတ လူမှုကူညီရေး အသင်းအဖွဲ့များမှ လူနာတင်ကားများ ထပ်မံရောက်ရှိလာပြီး လူနာများကို ကပိုင် တိုက်နယ်ဆေးရုံမှ မုံရွာဆေးရုံသို့ ဆက် လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
Credit: Popular Myanmar News
10155775_846265522055911_948303337_n

No comments:

Post a Comment