Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, March 26, 2014

သင်္ကြန်ဆိုရင် ပျော်တယ်လို့ ပြောတဲ့ ကျော်ထွဋ်ဆွေ



အားလုံးသိပြီးသားဖြစ်တဲ့ Rock Star အဖွဲ့ဝင် ကျော်ထွဋ်ဆွေကတော့ သင်္ကြန်ဖီလင်၊ သင်္ကြန်ဘယ်မှာ ရှိမယ်ဆိုတဲ့အကြောင်း ခုလို ဖွင့်ဟသွားပါတယ်။ ‘အခုလတ်တလောက ပုဂံက ပြန်လာတယ်။ သင်္က်ြန်အခွေကလောလောဆယ်ထွက်ထားတယ်။ Hello Music သင်္ကြန်ခွေပေါ့။ သင်္ကြန်ကတော့ ရန်ကုန်မှာပဲရှိဖို့များမယ် ထင်တယ်။ ရန်ကုန်တစ်ခုနဲ့ မန်းလေးတစ်ခုက စကားပြောနေတုန်း မို့လို့လေ။ အရင်နှစ်တုန်းက 69.4မဏ္ဍပ်လုပ်ဖြစ်တယ်။ ဒီနှစ်က မလုပ်ဖြစ်တော့လို့ပါ။ သင်္ကြန်နဲ့ပတ်သတ်ပြီး ပျော်တယ်။ မြန်မာလူမျိုးတိုင်း တက်ညီလက်ညီသောင်းကျန်းကြတဲ့ပွဲပေါ့။ ဒီနှစ်ကတော့ သင်္ကြန်ဖက်ရှင်နဲ့ပတ်သတ်ပြီး အဟောင်းတွေပဲ ၀တ်ဖြစ်မှာပါ။ အသစ်ဝယ်ရမှာ နှမြောတယ်လေ။ ပြီးတော့ ဒီနှစ်က အလုပ်နဲ့ပဲ ထိုင်ဖြစ်မယ်။ ချစ်သူနဲ့မဏ္ဍပ်တူမတူတော့ မပြောတတ်သေးဘူး။ သင်္ကြန်နဲ့ပတ်သတ်ပြီး အရင်နှစ်ကတော့တာဝန်ကြီးတယ်။ ဒီနှစ်ကတော့ ကိုယ်ကအလုပ်နဲ့ပဲဆိုတော့လေ။ မနှစ်ကတော့ကိုယ်က လုပ်တာဆိုတော့ တာဝန်ကြီးတာပေါ့။ သင်္ကြန်မှာ အပြင်ထွက်ရင် ခေါင်းလိမ်းဆီနဲ့ မျက်မှန်ကတော့ ကျွန်တော့် အတွက် မပါမဖြစ်ပါပဲ။ ဆိုမှာကတော့ သင်္ကြန်သီချင်းတွေများမယ်။ နောက်ပြီးတော့ သင်္ကြန်နဲ့လိုက်တဲ့ ဒီမိုကရေစီသီချင်းတွေ ဆိုမယ်။ နိုင်ငံရေးမပါတဲ့ လွတ်လွတ်လပ်လပ် သီချင်းတွေဆိုမယ်။ သင်္ကြန်မှာ ပရိသတ်ကြီး အားလုံးနှစ်ဟောင်းက အညစ်အကြေးတွေကို ဆေးကြောနိုင်ကြပါစေ။ အလုပ်မရှိသေးတဲ့လူတွေလဲ အလုပ်အကိုင်တွေ အဆင်ပြေပါစေ။ ၀င်ငွေတွေ အများကြီးတိုးပါစေ။ အလုပ်ရှိတဲ့သူတွေလဲ ရာထူးတွေတိုးပါစေလို့ဆုတောင်းပေးပါတယ်။ နှစ်ဆန်းတစ်ရက်နေ့ကတော့ အိမ်မှာပဲအိပ်ဖြစ်မယ်ထင်ပါတယ်။’လို့ သူက ပြောပြသွားပါတယ်။
Trend Myanmar

No comments:

Post a Comment