Sunday, March 02, 2014
အိပ်ပျော် နေစဉ် သွားတဲ့ ရောဂါ Obstructive Sleep Apnoea(OSA) ဟာ ကမ္ဘာ့ဒေသ အနှံ့ရှိ လူသန်းပေါင်း များစွာကို ထိခိုက်နေ စေပါတယ်။
အဖြစ်များ တတ်တဲ့ ဤရောဂါဟာ အိပ်ပျော်နေစဉ် ကြားကာလမှာ အသက်ရှူတာ
ရပ်ရပ်သွားတာ ဖြစ်တယ်။ အသက်ပြင်းပြင်း ရှူသွင်းခြင်းကြောင့် ဟောက်သံထွက်
လာပြီး ဟောက်သံမှန်မှန် ထွက်ပေါ် လာစဉ် ကြားထဲမှာ အသံပျောက် သွားကာ မကြား
ရတော့ပါ။ အသက် ရှူခြင်းကြောင့် ဟောက်သံ ဖြစ်ပေါ်စေ ပေမယ့် အသက်ရှူ
ရပ်သွားတဲ့အခါ ဟောက်သံ မကြားဘဲ ရပ်သွားပါ တော့တယ်။ ဒီအခါ တခေါခေါ ဟောက်သံ
ဆက်တိုက် ထွက်လာပြီး ကြားမှာ ဟောက်သံ ရပ်လိုက်၊ ပြန် ထွက်လိုက် အသံကို
ကြားရခြင်း ဖြစ်တယ်။ OSA ကြောင့် ထိုသူမှာ သွေးတိုး ရောဂါနှင့် နှလုံး
ရောဂါဖြစ်ပွား နိုင်ပါတယ်။ သွေးရောဂါဆိုင်ရာ ဂျာနယ်ထဲမှာ
ပုံနှိပ်ဖော်ပြချက်အရ ဤအခြေအနေက OSA ရောဂါ ခံစား နေရသူများမှာ သွေးကြောများ
ပုံမမှန်ဖြစ်ပွား လာခြင်းကြောင့် နှလုံး ထဲသို့ စီးဝင်တဲ့ သွေးကြောတွေ
ပိတ် ဆို့စေ နိုင်တယ်လို့ ရေးသား ထားပါတယ်။ ဤသို့ ဖြစ်ပွား ခံစားနေပါက
အဆက်မပြတ် လေဝင်လေထွက် ကောင်းစေတဲ့ လေဖိအား ကုထုံးဖြင့် ကုသ သင့်ကြောင်း
သုတေသီ များက တိုက်တွန်း လိုက်ပါတယ်။
မေ
BY HEALTH DIGEST

No comments:
Post a Comment