CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 6, 2014
နယ်လှည့်ပြီး ရွှေအတုပေါင်နှံသူ နှစ်ဦးကို ဖြူးမြို့တွင် ဖမ်းမိ
ဖြူးမြို့၊ မဇ္ဈိမ။ ။ ကြေးဖြင့် ပြုလုပ်ထားသည့် လက်ဝတ်ရတနာပစ္စည်းများကို ရွှေရည်အထပ်ထပ် စိမ်ပြီးကားဖြင့် နယ်လှည့် ပေါင်နှံနေသူ နှစ်ဦးကို ပဲခူးတိုင်းဒေသကြီး ဖြူးမြို့တွင် မတ်လ ၄ ရက်ညနေ ၆ နာရီ ၄၀ မိနစ် အချိန်က ဖမ်းဆီးမိလိုက်သည်။
ဖြစ်စဉ်မှာ အထက်ပါနေ့ မွန်းလွဲ ၃ နာရီ က ဖြူးမြို့၊ ပဲခူးလမ်းရှိ စိုးစံအမိန့်ရ အ ပေါင်ဆိုင်သို့ ကိုသက်ပိုင်ဆိုသူမှ အလေး ချိန် တစ်ကျပ်သားရှိ ဟန်းချိန်းတစ်ခုနှင့် တစ်ကျပ်သားရှိ သံကြိုးပုံဆွဲကြိုးတစ်ကုံးတို့အား ငွေ ကိုးသိန်းဖြင့် ပေါင်နှံသဖြင့် ဘောက်ချာရေးအဖွင့်ပြီး အပေါင်ခံခဲ့သည် ဟု ရဲမှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။
ထို့နောက် ညနေ ၆ နာရီအချိန်ခန့်တွင် ကိုသက်ပိုင်ဆိုသူမှာ အခြားအမျိုးသားတစ်ဦးနှင့်အတူ ကားဖြင့် ထပ်မံရောက်ရှိလာပြီး တစ်ကျပ်သားခန့်ရှိ ဟန်းချိန်းတစ်ခုနှင့် တစ်ကျပ်သားရှိ ဆွဲကြိုးတစ်ကုံးတို့အား ပေါင် နှံသည်ကို မသင်္ကာဖြစ်ခဲ့ရသည်ဟု ဆိုင်ရှင်က အမှုဖွင့်ရာတွင် ပြောပြထားသည်။
ထို့ကြောင့် ငွေမရှိသေးသဖြင့် ခဏစောင့်ရန် ပြောဆိုပြီး ဖြူးမြို့မရဲစခန်းသို့ အကြောင်းကြားခဲ့ခြင်းဖြစ် သည်။
ခဏအကြာ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ပစ္စည်းပေါင်နှံသူနှစ်ဦးမှာ မိမိတို့မောင်းလာသည့် ကား ကိုထားခဲ့ပြီး ထွက်ပြေးသဖြင့် ပြည်သူများက ၀ိုင်းဝန်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုထားသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူနှစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၊ နေနိုင်သူရ (၂၃)နှစ်ဆို သူနှင့် မြောက်ဥက္ကလာပမြို့နယ်နေ သက်ပိုင် (၂၅)နှစ်ဆိုသူ နှစ်ဦး ဖြစ်သည်ဟု အတည်ပြုခဲ့သည်။
ထို့ပြင် ၄င်းတို့ပေါင်နှံခဲ့သည့် ဟန်းချိန်းနှစ်ကုံးနှင့် ဆွဲကြိုးနှစ်ကုံးတို့အား မှတ်ကျောက်တင်စစ်ဆေးခဲ့ရာ ကြေးနီအား ရွှေရည်အထပ်ထပ် စိမ်ထားသည့် ပစ္စည်းများသာဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
မော်တော်ယာဉ်အတွင်းမှလည်း ရွှေဟုယူဆရသည့် ဆွဲကြိုးသုံးကုံးနှင့် ဆင်းကတ်ပါ လက်ကိုင်ဖုန်း သုံးလုံး တို့ကို တွေ့ရှိခဲ့သည်။ ယင်းအပြင် စိုးစံရွှေဆိုင်အမည်ပါ ရွှေအပေါင် ဘောက်ချာတစ်ရွက်၊ ငွေစက္ကူ ရောရာ တစ်ဆယ့်သုံးသိန်းငါးသောင်းကျော် နှင့် အရိုးအသွား ၂၇ လက်မခန့်ရှိ ဓားရှည်တစ်ချောင်းတို့ကိုပါ တွေ့ရှိ သဖြင့် သက်သေများရှေ့တွင် သိမ်းဆည်းခဲ့သည်။
ပြစ်မှုကျူးလွန်သူနှစ်ဦးကို ဖြူးရဲစခန်း က ပုဒ်မ ၄၂၀၊ ပုဒ်မ ၃၈၀၊ကျင့်-၅၄၊ ပုဒ်မ ၁၉(င)ဖြင့် အရေးယူရန် ဖမ်းဆီးစစ်ဆေး နေသည်။
သက်အောင်(ဇေယျဝတီ)
Mizzima - News in Burmese
နယ်လှည့်ပြီး ရွှေအတုပေါင်နှံသူ နှစ်ဦးကို ဖြူးမြို့တွင် ဖမ်းမိ
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2014
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
March 06, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment