CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် နေ့စဉ်သတင်းစာပါ ဆောင်းပါးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့
Tuesday, March 25, 2014
ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် နေ့စဉ်သတင်းစာတစ်စောင်ဖြစ်သော ဒါကာ ထရိုင်ဗြွန်း ( DHAKA TRIBUNE) တွင် မတ် ၂၀ ရက်က ဖော်ပြခဲ့သော ဆောင်းပါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှိ ဒါကာ ထရိုင်ဗြွန်း သတင်းစာတွင် ပါရှိခဲ့သော ဆောင်းပါးရှင် Zeeshan Khan ရေးသားသည့် A referendum in Rakhine State ? ဆောင်းပါးနှင့် ပတ်သက်သည့် သတိထောက်လွှာ (Aide – Memoire) ကို နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစံလွင်က ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Maj. Gen Anup Kumar Chakma အား ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ ခေါ်ယူ၍ ပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ ဒါကာမြို့ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကလည်း ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ၊ အရှေ့တောင်အာရှဌာန ညွှန်ကြားရေးမှူးချုပ် Mr. Md Abul Jafar အား သွားရောက်တွေ့ဆုံပြီး ယင်းသတိထောက်လွှာကို လက်ရောက်ပေးအပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှသတင်းရရှိသည်။
MOI Webportal Myanmar
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် နေ့စဉ်သတင်းစာပါ ဆောင်းပါးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သတိထောက်လွှာများပေးအပ်ခဲ့
Reviewed by
သတင်းစုံပျော်ဝင်အိုးကြီး
on
March 24, 2014
Rating:
5
No comments:
Post a Comment