Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, March 28, 2014

ပုရိသတို့ အသည်းစွဲ ဗီယက်နမ်ကော်ဖီဆိုင်

အမေရိကန်ပြည်ထောင်စုမှာ ကျယ်ကျယ်ပြန့်ပြန့် ခေတ်စားလာပြီး ပုရိသ ယောက်ျားတွေရဲ့ အသည်းစွဲဖြစ်နေ တာ ကတော့ ဗီယက်နမ်ကဖေးဆိုတာတွေပါ တဲ့။ 

Photo :huffingtonpost.com



တကယ်တော့ ဗီယက်နမ်ကဖေးဆိုတာ အမေရိကန်ရောက် ဗီယက်နမ်လူမျိုးတွေဖွင့်ခဲ့တာကြောင့် အဲဒီလို ခေါ်ကြ တာပါ တဲ့။  ဧရာဝတီဘလော့ ပရိသတ်အတွက် ဒီလိုဆိုင်များနဲ့ ပတ်သက်တဲ့ ထူးခြားချက်တွေ ဖော်ပြရရင် ဗီယက်နမ်ကော်ဖီဆိုင်တွေမှာ ခေတ်မီတဲ့ ဗီယက်နမ်အမျိုးသမီးတွေက ဘီကနီလေးတွေဝတ်ပြီး ကော်ဖီ လာသောက်သူတွေကို ဧည့်ခံတဲ့ အလုပ်တွေလုပ်ကြပါ တယ်။ မြန်မာပြည်မှာ ဆိုရင်တော့ ဘီကနီဝတ် အမျိုးသမီး စားပွဲထိုးပေါ့။ 

ဗီယက်နမ်ကော်ဖီဆိုင်တွေဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ ပိုပြီး လူကြိုက်များသလို တချို့ အမျိုးသမီး စားပွဲ ထိုးတွေက အ၀တ်အစားတောင် မ၀တ်ပဲ စားပွဲထိုး အလုပ်ကိုလုပ်ပါတယ်တဲ့။ 

ဗီယက်နမ်တွေဟာ အမေရိကန်ကို ရောက်နေကြပြီး တချို့က ကိုယ့်ယဉ်ကျေးမှုအ၀တ်အစားကို ထိန်းသိမ်း ၀တ်စား ဆင်ယင်တာမျိုး ရှိသလို တော်တော်များများကတော့ အတော်ကို ခေတ်မီရုံတင်မကာ ခေတ်ကို ပါ ကျော်လွန်ကုန်ပြီလို့ ဆိုပါတယ်။ 

အခုတော့ ဒီလို ဗီယက်နမ်ကော်ဖီဆိုင်ယဉ်ကျေးမှုက အတော်ကို ကျယ်ကျယ်ပြန့်ပြန်ခေတ်စားလာ တာကြောင့် ကန့်သတ်မှုတွေနဲ့ ပိတ်ပင်မှုတွေ လုပ်သင့်တယ်လို့ တချို့ ဝေဖန်ထောက်ပြမှုတွေ ရှိလာပေ မယ့် အမေရိကန်လို နိုင်ငံမျိုး မှာ ဥပဒေနဲ့ ဘယ်လို ကိုယ်တွယ်ရမယ်ဆိုတာတော့ အခက်တွေ့နေတယ်လို့ လည်း သတင်းတွေက ဆိုပါတယ်။ 

လူပြောများလာတဲ့ ဗီယက်နမ် ကော်ဖီဆိုင်တွေအကြောင်း အမေရိကန် မီဒီယာတွေကလည်း ဆက်တိုက် ဆိုသလို ဖော်ပြလာတော့ အမေရိကန်ရဲတွေကလည်း ဆိုင်တွေကို ပိတ်ခိုင်းတာမျိုး ဖိအားပေးတာရှိသလို ဆိုင်ဝန်ထမ်းအမျိုးသမီး တွေကိုလည်း အရေးယူသွားမယ်လို့ ဆိုပါတယ်။ 


ဒါပေမယ့် အမေရိကန်နိုင်ငံမှာ ဒီလို ၀တ်စားဆင်ယင်တာမျိုးကို ပိတ်ပင်တဲ့ ဥပဒေမျိုးမရှိတော့ ဘယ်လို ဥပဒေမျိုးနဲ့ အဲဒီ အမျိုးသမီးစားပွဲထိုးတွေကို အရေးယူမလဲ ဆိုတာကတော့ စိတ်ဝင်စားစရာပါ။ 

အိမ့်သံစဉ် ~

No comments:

Post a Comment